Zawgyi
ဆိုးလ္ၿမိဳ႕ေပၚမွာလို႔ေတာင္မထင္ရေလာက္ေအာင္ စုတ္ျပတ္သတ္ေနတဲ့အေဆာင္တစ္ခု
ဘာမွန္းမသိရပဲ အရမ္းစပ္စုတဲ့ အေဆာင္ပိုင္ရွင္အေဒၚႀကီး ေတြ႕လိုက္တိုင္း
**** ေတြၾကည့္ေနတဲ့ ႏွာဘူးတစ္ေယာက္
ၾကပ္မျပည့္မတ္မျပည့္ညီအစ္ကို၂ေယာက္ ႐ုပ္ကေလးေခ်ာေခ်ာေလးနဲ႔ဘာလုပ္လို႔ဘာကိုင္မွန္းမသိ အိတ္တစ္လုံးနဲ႔ေလၽွာက္သြားေနတဲ့လူတစ္ေယာက္
အဲ့လိုမ်ိဳးအရွုတ္ထုတ္ေတြၾကားထဲကိုေရာက္သြားတဲ့ မြဲေတေနတဲ့ အလုပ္သစ္ရကာစေကာင္ေလးတစ္ေယာက္ အဲ့ရပ္ကြက္ကေၾကာင္ေတြ၁၃ေကာင္ဆက္တိုက္ေသတယ္
ေၾကာင္ေသမွုကိုစုံစမ္းခ်င္ေနတဲ့ရဲေမေလးတစ္ေယာက္ရွိတယ္
ပရဟိတေတြလုပ္ၿပီးေခ်ာေမာတဲ့သြားဆရာဝန္တစ္ေယာက္လဲပါတယ္
အဲ့ရပ္ကြက္မွာ လူေပ်ာက္မွုေတြလဲမၾကာမၾကာျဖစ္တတ္တယ္ ဒီကားကဘယ္လိုကားမ်ိဳးလဲ
parasite ကိုၾကည့္ၿပီးၿပီလား အဲ့ကားကိုၾကည့္တုန္းမွာ ခံစားရတဲ့ခံစားမွုကိုမွတ္မိေသးလား
မြန္းၾကပ္မွု အားမလိုအားမရျဖစ္မွု ေၾကာက္လန႔္မွု စိတ္လွုပ္ရွားမွု အဲ့လိုေတြခံစားခဲ့ရတယ္မို႔လား
ဒီကားက အဲ့လိုခံစားမွုမ်ိဳးကို အပိုင္း ၁၀ပိုင္းနဲ႔ခံစားရမွာပဲ မယုံမရွိနဲ႔ တစ္ပိုင္းၾကည့္ၿပီးရင္ ေနာက္အပိုင္းေတြကိုမၾကည့္ပဲမေနနိုင္ေလာက္ေအာင္ဆြဲေဆာင္မွုရွိတယ္
ဆြဲေဆာင္မွုအရွိဆုံးအပိုင္းကေတာ့ ကိုယ္ေတြအရမ္းခ်စ္ရတဲ့ ေဂၚဘလင္ကားထဲက ေသမင္းဦးဦးကို ဘယ္ကားထဲမွာမွမေတြ႕ဖူးေသးတဲ့ဇာတ္ေကာင္နဲ႔ေတြ႕ရမွာပဲ
ၿပီးေတာ့ သူကဇာတ္ေဆာင္အျဖစ္နဲ႔ပါလာတာေရာဟုတ္ရဲ့လား
နံမည္ႀကီးသ႐ုပ္ေဆာင္ကို ဇာတ္ပို႔လုပ္ခိုင္းၿပီးေတာ့ လူသိပ္မသိတဲ့ နာမည္သိပ္မရေသးတဲ့ သူကို ဇာတ္ေဆာင္တင္ရိုက္ထားတဲ့ ဇာတ္လမ္းႀကီးက ၾကမ္းေထာ္ေနတဲ့ကားမို႔
ၿပီးေတာ့ OCN ကရိုက္တဲ့ကားမို႔ ၾကည့္ၾကပါလို႔တိုက္တြန္းခ်င္ပါတယ္
ဘာမွမရရင္ေတာင္မွ ေနာင္တေတာ့ရမွာပါ ၾကည့္ၿပီးရင္ စိတ္ထဲကမထုတ္နိုင္ေတာ့လို႔ ငါလာလို႔ၾကည့္မိတာလဲဆိုၿပီးေတာ့
တစ္ပတ္၂ပိုင္းလာမယ္ စေနတနဂၤေႏြ ညေတြလာမွာပါ
ဘာသာျပန္ၿပီးေတာ့ တနဂၤေႏြ တနလၤာမနက္ေတြမွာတင္ေပးမွာပါ
(ဘာသာျပန္ေပးထားသူေတြကေတာ့ Felix ပါ)
Unicode
ဆိုးလ်မြို့ပေါ်မှာလို့တောင်မထင်ရလောက်အောင် စုတ်ပြတ်သတ်နေတဲ့အဆောင်တစ်ခု
ဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း
**** တွေကြည့်နေတဲ့ နှာဘူးတစ်ယောက်
ကြပ်မပြည့်မတ်မပြည့်ညီအစ်ကို၂ယောက် ရုပ်ကလေးချောချောလေးနဲ့ဘာလုပ်လို့ဘာကိုင်မှန်းမသိ အိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့လူတစ်ယောက်
အဲ့လိုမျိုးအရှုတ်ထုတ်တွေကြားထဲကိုရောက်သွားတဲ့ မွဲတေနေတဲ့ အလုပ်သစ်ရကာစကောင်လေးတစ်ယောက် အဲ့ရပ်ကွက်ကကြောင်တွေ၁၃ကောင်ဆက်တိုက်သေတယ်
ကြောင်သေမှုကိုစုံစမ်းချင်နေတဲ့ရဲမေလေးတစ်ယောက်ရှိတယ်
ပရဟိတတွေလုပ်ပြီးချောမောတဲ့သွားဆရာဝန်တစ်ယောက်လဲပါတယ်
အဲ့ရပ်ကွက်မှာ လူပျောက်မှုတွေလဲမကြာမကြာဖြစ်တတ်တယ် ဒီကားကဘယ်လိုကားမျိုးလဲ
parasite ကိုကြည့်ပြီးပြီလား အဲ့ကားကိုကြည့်တုန်းမှာ ခံစားရတဲ့ခံစားမှုကိုမှတ်မိသေးလား
မွန်းကြပ်မှု အားမလိုအားမရဖြစ်မှု ကြောက်လန့်မှု စိတ်လှုပ်ရှားမှု အဲ့လိုတွေခံစားခဲ့ရတယ်မို့လား
ဒီကားက အဲ့လိုခံစားမှုမျိုးကို အပိုင်း ၁၀ပိုင်းနဲ့ခံစားရမှာပဲ မယုံမရှိနဲ့ တစ်ပိုင်းကြည့်ပြီးရင် နောက်အပိုင်းတွေကိုမကြည့်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ်
ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ကိုယ်တွေအရမ်းချစ်ရတဲ့ ဂေါ်ဘလင်ကားထဲက သေမင်းဦးဦးကို ဘယ်ကားထဲမှာမှမတွေ့ဖူးသေးတဲ့ဇာတ်ကောင်နဲ့တွေ့ရမှာပဲ
ပြီးတော့ သူကဇာတ်ဆောင်အဖြစ်နဲ့ပါလာတာရောဟုတ်ရဲ့လား
နံမည်ကြီးသရုပ်ဆောင်ကို ဇာတ်ပို့လုပ်ခိုင်းပြီးတော့ လူသိပ်မသိတဲ့ နာမည်သိပ်မရသေးတဲ့ သူကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ ဇာတ်လမ်းကြီးက ကြမ်းထော်နေတဲ့ကားမို့
ပြီးတော့ OCN ကရိုက်တဲ့ကားမို့ ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်
ဘာမှမရရင်တောင်မှ နောင်တတော့ရမှာပါ ကြည့်ပြီးရင် စိတ်ထဲကမထုတ်နိုင်တော့လို့ ငါလာလို့ကြည့်မိတာလဲဆိုပြီးတော့
တစ်ပတ်၂ပိုင်းလာမယ် စနေတနင်္ဂနွေ ညတွေလာမှာပါ
ဘာသာပြန်ပြီးတော့ တနင်္ဂနွေ တနင်္လာမနက်တွေမှာတင်ပေးမှာပါ
(ဘာသာပြန်ပေးထားသူတွေကတော့ Felix ပါ)