Zawgyi
ဒီဟီး႐ိုးကေတာ့ ေမွာ္အစြမ္းကို အေျခခံထားတာပါပဲ။Shazam လို႔ေအာ္လိုက္ရင္ 14 ႏွစ္သားေကာင္ေလးအျဖစ္ငးကေနလူႀကီးအရြယ္ စူပါဟီး႐ိုးအျဖစ္ ေျပာင္းလဲသြားပါတယ္။ဇာတ္လမ္းအက်ဥ္းကေတာ့ ေမွာ္ဆရာအဖြဲ႔ႀကီးတစ္ခုရဲ႕ ေနာက္ဆံုးက်န္တဲ့ ေမွာ္ဆရာဟာကမာၻႀကီးကို နတ္ဆိုး ၇ ပါးရန္ကေန ကာကြယ္ထားရပါတယ္။
သူ႔ရဲ႕အစြမ္းေတြ အားနည္းလာခ်ိန္မွာေတာ့ သူ႔ေနရာကိုဆက္ခံဖို႔စိတ္ထားေကာင္းမြန္တဲ့ လူတစ္ေယာက္ကို ႐ွာေဖြရပါေတာ့တယ္။ဒီဟီး႐ိုးကေတာ့ Justice League သာ ဆက္ထြက္ခဲ့ရင္ပါလာႏိုင္တာမို႔ သူ႔ရဲ႕ မူလဇစ္ျမစ္ကို ဒီကားမွာ ေသခ်ာေတြ႔ရမွာပါ။
Unicode
ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေလူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာကမ္ဘာကြီးကို နတ်ဆိုး ရ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။
သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့တယ်။ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင်ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။