Zawgyi
ဒီဇတ္လမ္းေလးကို မၾကည့္ခင္ ဇတ္လမ္းအေၾကာင္းေလး နည္းနည္း အရင္ သိခ်င္မလား ?
ဒင္ခ်ိဳင္ ဆိုတဲ့ ေကာင္ေလးဟာ အခု ေခတ္ အဆိုအရ FA တစ္ေယာက္ပါ
သူက အိုင္တီ၀န္ထမ္း တစ္ေယာက္ျဖစ္ၿပီး လူတိုင္း ရဲ႕ လိုသံုးလဲ ျဖစ္ပါတယ္
ရံုးတစ္ခုလံုးက သူ႔နာမည္ကို မွတ္မိမႈ မရွိသလို လိုအပ္တာ နဲ႔
ေဟး.. ဆိုၿပီး အဆင္သင့္ ေခၚခိုင္းေလ့ ရွိပါတယ္..
အဲ့ဒီလို အထီးက်န္ မႈေတြ နဲ႔ ျပည့္ေနတဲ့ ဒင္ ဆီကို ႏူ၀ီ ဆိုတဲ့ ေကာင္မေလးဟာ ဆိုက္ဆုိက္ၿမိဳက္ၿမိဳက္ေရာက္ရွိလာပါတယ္…
ႏူ၀ီ ဟာ သူမ ပရင္တာပ်က္ေနလို႔ ဒင္ ကို အကူအညီလာေတာင္းရာကေန ဘယ္မိန္းကေလးကိုမွ စိတ္မ၀င္စားခဲ့တဲ့
ဒင္ ဟာ ႏူ၀ီ အေနာက္က အရိပ္လို တေကာက္ေကာက္ လိုက္ေနခဲ့ၿပီး ႏူ၀ီ ႀကိဳက္တက္တာေတြ လိုက္မွတ္
ႏူ၀ီ ဘယ္သြားလဲ လိုက္ၾကည့္ သူမ လိုအပ္တာေလးေတြကို မသိမသာ ကြယ္ရာကေန လုိက္ျဖည့္ဆည္းေပးပါတယ္…
ဒါေပမယ့္ ဒင္ ရဲ႕ အခ်စ္ေတြဟာ ႏူ၀ီ ဆီ မေရာက္ခဲ့ပါဘူး…
ႏူ၀ီ ဆိုတဲ့ မိန္းမေခ်ာေလးကို ဒင္ ရဲ႕ သူေဌး ေတာ့ပ္ က ခ်စ္ေရးဆိုၿပီး လက္တြဲလုိက္ၾကတဲ့ေန႔မွာေတာ့ ဒင္ ရဲ႕ အသဲေတြ
အပိုင္းပိုင္းအစစ နဲ႔ေပါ့…
ဒါေပမယ့္ တစ္ရက္မွာေတာ့ ႏူ၀ီ သြားခ်င္ေနတဲ့ ေဟာ့ကိုင္းဒိုး က ႏွင္းပြဲေတာ္ ကို လုိက္ပို႔ဖို႔အတြက္ သူေဌး ေတာ့ပ္ က
ရံုးက ၀န္ထမ္း အားလံုး ကိုပါ ေပ်ာ္ရႊင္ဖြယ္ ခရီးတစ္ခု ထြက္ႏုိင္ေအာင္ စီစဥ္ခဲ့ပါတယ္…
ထို ခရီးစဥ္မွာလဲ ဒင္ ဟာ အၿမဲလိုလို ေတာ့ပ္ ႏွင့္ ႏူ၀ီ တို႔ အေနာက္ အရိပ္လို လိုက္ေနခဲ့ၿပီး
တစ္ဖက္သက္ အခ်စ္ေတြနဲ႔ ႏူ၀ီ အေပၚ အခ်စ္ေတြ မျပတ္ႏိုင္ခဲ့ပါဘူး…
ဒီလို နဲ႔ ႏွင္းေတြ ဖံုးလႊမ္းေနတဲ့ ေဟာ့ကိုင္းဒိုး က ဆုေတာင္းျပည့္တဲ့ ေခါင္းေလာင္းေရွ႕မွာ
ဒင္ တစ္ေယာက္ တိတ္တစိတ္ေလး ဆုေတာင္းၿပီး ေခါင္းေလာင္းတီးခဲ့ပါတယ္…
ထူးဆန္းလွတဲ့ ဒင္ ရဲ႕ ဆုေတာင္းေလးက အမွန္တကယ္ ျပည့္သြားပါတယ္ ဘာ ဆုေတာင္းလဲ ဆိုတာ
ပရိတ္သက္ႀကီးေရာ သိခ်င္ပါသလား ?
ဇတ္လမ္း အစ မွာ နည္းနည္းပ်င္းဖို႔ေကာင္းသလို ရွိေပမယ့္ ေခါင္းေလာင္း တီးၿပီး ေနာက္ပိုင္း မွာ
ထုိင္ရာက မထစတမ္း သင္ ၾကည့္ျဖစ္သြားမယ္ဆိုတာ က်ေနာ္ ေျပာႏုိင္ပါတယ္…
ဒီရုပ္ရွင္ကား ကို ဘာသာျပန္ေပးထားသူကေတာ့ Tariq L Walker ပဲ ျဖစ္ၿပီး အညႊန္းကိုေတာ့
က်ေနာ္ သစ္ဆန္းခန္႔မွ ေရးေပးထားပါတယ္…
Unicode
ဒီဇတ်လမ်းလေးကို မကြည့်ခင် ဇတ်လမ်းအကြောင်းလေး နည်းနည်း အရင် သိချင်မလား ?
ဒင်ချိုင် ဆိုတဲ့ ကောင်လေးဟာ အခု ခေတ် အဆိုအရ FA တစ်ယောက်ပါ
သူက အိုင်တီဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လူတိုင်း ရဲ့ လိုသုံးလဲ ဖြစ်ပါတယ်
ရုံးတစ်ခုလုံးက သူ့နာမည်ကို မှတ်မိမှု မရှိသလို လိုအပ်တာ နဲ့
ဟေး.. ဆိုပြီး အဆင်သင့် ခေါ်ခိုင်းလေ့ ရှိပါတယ်..
အဲ့ဒီလို အထီးကျန် မှုတွေ နဲ့ ပြည့်နေတဲ့ ဒင် ဆီကို နူဝီ ဆိုတဲ့ ကောင်မလေးဟာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတယ်…
နူဝီ ဟာ သူမ ပရင်တာပျက်နေလို့ ဒင် ကို အကူအညီလာတောင်းရာကနေ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့တဲ့
ဒင် ဟာ နူဝီ အနောက်က အရိပ်လို တကောက်ကောက် လိုက်နေခဲ့ပြီး နူဝီ ကြိုက်တက်တာတွေ လိုက်မှတ်
နူဝီ ဘယ်သွားလဲ လိုက်ကြည့် သူမ လိုအပ်တာလေးတွေကို မသိမသာ ကွယ်ရာကနေ လိုက်ဖြည့်ဆည်းပေးပါတယ်…
ဒါပေမယ့် ဒင် ရဲ့ အချစ်တွေဟာ နူဝီ ဆီ မရောက်ခဲ့ပါဘူး…
နူဝီ ဆိုတဲ့ မိန်းမချောလေးကို ဒင် ရဲ့ သူဌေး တော့ပ် က ချစ်ရေးဆိုပြီး လက်တွဲလိုက်ကြတဲ့နေ့မှာတော့ ဒင် ရဲ့ အသဲတွေ
အပိုင်းပိုင်းအစစ နဲ့ပေါ့…
ဒါပေမယ့် တစ်ရက်မှာတော့ နူဝီ သွားချင်နေတဲ့ ဟော့ကိုင်းဒိုး က နှင်းပွဲတော် ကို လိုက်ပို့ဖို့အတွက် သူဌေး တော့ပ် က
ရုံးက ဝန်ထမ်း အားလုံး ကိုပါ ပျော်ရွှင်ဖွယ် ခရီးတစ်ခု ထွက်နိုင်အောင် စီစဉ်ခဲ့ပါတယ်…
ထို ခရီးစဉ်မှာလဲ ဒင် ဟာ အမြဲလိုလို တော့ပ် နှင့် နူဝီ တို့ အနောက် အရိပ်လို လိုက်နေခဲ့ပြီး
တစ်ဖက်သက် အချစ်တွေနဲ့ နူဝီ အပေါ် အချစ်တွေ မပြတ်နိုင်ခဲ့ပါဘူး…
ဒီလို နဲ့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဟော့ကိုင်းဒိုး က ဆုတောင်းပြည့်တဲ့ ခေါင်းလောင်းရှေ့မှာ
ဒင် တစ်ယောက် တိတ်တစိတ်လေး ဆုတောင်းပြီး ခေါင်းလောင်းတီးခဲ့ပါတယ်…
ထူးဆန်းလှတဲ့ ဒင် ရဲ့ ဆုတောင်းလေးက အမှန်တကယ် ပြည့်သွားပါတယ် ဘာ ဆုတောင်းလဲ ဆိုတာ
ပရိတ်သက်ကြီးရော သိချင်ပါသလား ?
ဇတ်လမ်း အစ မှာ နည်းနည်းပျင်းဖို့ကောင်းသလို ရှိပေမယ့် ခေါင်းလောင်း တီးပြီး နောက်ပိုင်း မှာ
ထိုင်ရာက မထစတမ်း သင် ကြည့်ဖြစ်သွားမယ်ဆိုတာ ကျနော် ပြောနိုင်ပါတယ်…
ဒီရုပ်ရှင်ကား ကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ပဲ ဖြစ်ပြီး အညွှန်းကိုတော့
ကျနော် သစ်ဆန်းခန့်မှ ရေးပေးထားပါတယ်…
https://mega.nz/#!iUN3ESzB!-JFGi00qrI0VaHk2oTs_NJ40G-4VLuDAR7S7upwipTQ