Zawgyi
Kids on the slope” ဇာတ္ကားေလးကေတာ့ romantic ဇာတ္ကားေတြကိုရိုက္ကူးရာမွာနာမည္ႀကီးတဲ့ဒါရိုက္တာ takahiro miki ရိုက္ကူးတဲ့ drama ဇာတ္လမ္းေကာင္းေလးတစ္ခုပဲျဖစ္ပါတယ္။ဇာတ္လမ္းအက်ဥ္းေလးကေတာ့နိရွီမိဆိုတဲ့ အထက္တန္းေက်ာင္းသားေကာင္ေလးဟာ သူ႔ရဲ႕မိသားစုအေျခအေနေျကာင့္ နယ္ျမိဳ႕ေလးကေက်ာင္းေလးတစ္ခုကိုေျပာင္းတက္ခဲ့ရတယ္။အဲ့ဒီေက်ာင္းေလးမွာ ကာဝါဘူခ်ီဆိုတဲ့ လူမိုက္ေကာင္ေလးရယ္ရစ္စုဆိုတဲ့ မိန္းမေခ်ာေလးရယ္နဲ႔သိက်ြမ္းခဲ့ၾကတယ္။သူတို့ေတြအားလံုးရဲ႕တူညီတဲ့အခ်က္ကေတာ့jazz ဂီတေပၚမွာရူးသြပ္ၾကတာပါပဲ။အဲ့လိုနဲ႔အခ်ိန္ေတြျကာလာတဲ့အခါ နိရွီမိ ကာဝဘူခ်ီနဲ႕ ရစ္စုျကားထဲမွာ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းေလးတစ္ခုျဖစ္လာခဲ့ျကတယ္။
သူတို့ျကားထဲမွာရွိတဲ့သူငယ္ခ်င္းသံေယာဇဥ္ေတြ ၁၅၀၀ခ်စ္ျခင္းေမတၱာေတြ ဂီတအေပၚမွာ ရူးသြပ္ၾကပံု အစရွိတဲ့ abstract elements ေတြအေပၚမွာ မွီတည္ျပီး ဇာတ္အိမ္ဖြဲ႕ထားတဲ့ ဇာတ္လမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။ထူးျခားခ်က္တစ္ခုအေနနဲ႔ နိရွီမိနဲ႔ ကာဝါဘူခ်ီေနရာမွာသရုပ္ေဆာင္ထားတဲ့ဇာတ္ေဆာင္မင္းသားေတြဟာ ဇာတ္ကားမွာ အံဝင္ခြင္က်ျဖစ္ေအာင္ ဒရမ္တီးတာနဲ့ ပီယာႏိုတီးတာကို လေပါင္းမ်ားစြာသင္ယူခဲ့ရပါတယ္။႔ပါဝင္သရုပ္ေဆာင္ထားတဲ့ မင္းသား မင္းသမီးေတြရဲ႕ ရူပါတစ္ေပါက္နဲ႔တင္ျကည့္ရတာတန္ေစမဲ့ံဇာတ္ကားတစ္ကားပါ။asia ကားတစ္ကားျဖစ္ေပမဲ့ IMDB rating 7.4ေတာင္ ရထားတဲ့ ဇာတ္ကားတစ္ကားျဖစ္လို့ drama ဇာတ္ကားေကာင္းေလးေတြကိုႏွစ္သက္တဲ့ ပရိတ္သတ္ေတြအတြက္ လက္လႊတ္မခံသင့္တဲ့ ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။ (ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကိုမ်ိဳးခန္႔ ပါ)
Unicode
Kids on the slope” ဇာတ်ကားလေးကတော့ romantic ဇာတ်ကားတွေကိုရိုက်ကူးရာမှာနာမည်ကြီးတဲ့ဒါရိုက်တာ takahiro miki ရိုက်ကူးတဲ့ drama ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့နိရှီမိဆိုတဲ့ အထက်တန်းကျောင်းသားကောင်လေးဟာ သူ့ရဲ့မိသားစုအခြေအနေကြောင့် နယ်မြို့လေးကကျောင်းလေးတစ်ခုကိုပြောင်းတက်ခဲ့ရတယ်။အဲ့ဒီကျောင်းလေးမှာ ကာဝါဘူချီဆိုတဲ့ လူမိုက်ကောင်လေးရယ်ရစ်စုဆိုတဲ့ မိန်းမချောလေးရယ်နဲ့သိကျွမ်းခဲ့ကြတယ်။သူတို့တွေအားလုံးရဲ့တူညီတဲ့အချက်ကတော့jazz ဂီတပေါ်မှာရူးသွပ်ကြတာပါပဲ။အဲ့လိုနဲ့အချိန်တွေကြာလာတဲ့အခါ နိရှီမိ ကာဝဘူချီနဲ့ ရစ်စုကြားထဲမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်လာခဲ့ကြတယ်။
သူတို့ကြားထဲမှာရှိတဲ့သူငယ်ချင်းသံယောဇဉ်တွေ ၁၅၀၀ချစ်ခြင်းမေတ္တာတွေ ဂီတအပေါ်မှာ ရူးသွပ်ကြပုံ အစရှိတဲ့ abstract elements တွေအပေါ်မှာ မှီတည်ပြီး ဇာတ်အိမ်ဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ နိရှီမိနဲ့ ကာဝါဘူချီနေရာမှာသရုပ်ဆောင်ထားတဲ့ဇာတ်ဆောင်မင်းသားတွေဟာ ဇာတ်ကားမှာ အံဝင်ခွင်ကျဖြစ်အောင် ဒရမ်တီးတာနဲ့ ပီယာနိုတီးတာကို လပေါင်းများစွာသင်ယူခဲ့ရပါတယ်။့ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေရဲ့ ရူပါတစ်ပေါက်နဲ့တင်ကြည့်ရတာတန်စေမဲ့ံဇာတ်ကားတစ်ကားပါ။asia ကားတစ်ကားဖြစ်ပေမဲ့ IMDB rating 7.4တောင် ရထားတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ drama ဇာတ်ကားကောင်းလေးတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးခန့် ပါ)