Zawgyi
Unicode
ဟောဒီဘီဟားမှာ မင်္ဂလာသုံးမျိုးရှိတယ်သတ္တိရှိသူတွေအတွက် ပေးစားလို့ယူလိုက်ကြတဲ့ မင်္ဂလာ ……ကံတရားကစီမံပေးတဲ့ ချစ်လို့ယူကြတဲ့ မင်္ဂလာနဲ့ …လက်ဖွဲ့ငွေကို လောဘတက်နေတဲ့ လောဘသားကောင်တွေအတွက် အတင်းပေးစားတဲ့ အဓမ္မမင်္ဂလာဆောင်
အဓမ္မမင်္ဂလာဆောင်ဆိုတာဘာလဲ အိန္ဒိယမှာ မင်္ဂလာတစ်ခုဆောင်တော့မယ်ဆိုရင်မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ အရည်ချင်းရှိရှိ ဘယ်လောက်ကြီးပဲပြည့်စုံနေပါစေအဲ့ဒိမိန်းကလေးဘက်က ယောက်ျားလေးကို ပြန်တင်တောင်းရပါသတဲ့ဒီကိစ္စကို အစိုးရက တရားမဝင်ဘူးဆိုပြီး တားမြစ်ထားပေမယ့် ယခုအချိန်ထိ ငွေကြေးမရှိရင်သမီးတွေအိမ်ထောင်မချပေးနိုင်တဲ့မိဘတွေအများကြီးပါတစ်နှစ်တစ်နှစ် အဲ့ဒိသောကကြောင့် သက်သေသွားတဲ့အဖေတွေ မနည်းမနောပါပဲအဲ့ဒိတော့ အဲ့ဒိလိုလက်ဖွဲ့ကို လောဘတက်ပြီး သားလိုချင်ရင် ပိုက်ဆံ သိန်း ၅၀ နဲ့ ကားတစ်စီးကျုပ်သားကတော့ ဆရာဝန်ဆို ဒီလောက်မှ အင်ဂျင်နီယာဆို ဒီဈေးပေါက်တယ်ဆိုပြီး နွားဈေး ဆောရီး သားဈေးသိပ်ကောင်းနေပါတယ်ဘီဟားမှာတော့ ဒီလိုပြဿနာဖြစ်လာရင် ဒိုင်ခံဖြေရှင်းပေးတာ ဟူကွမ်ဒေ့ဗ်ဆင့်နဲ့ အဘေး(ဟ်)ဆင့်တို့သားဖပါပဲသူတို့ဖြေရှင်းပုံက လက်ဖွဲ့လောဘသားကောင်တွေကို သူတို့တောင် မသိလိုက်ဘဲစပ်ရိုက်မင်္ဂလာဆောင်တွေလုပ်ပေးပြီး မိန်းကလေးနဲ့ အတင်းပေးစားပစ်လိုက်တာပါဒီတော့ လက်ဖွဲ့ကြေးပေးစရာမလိုဘဲ သမီးမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ချပေးလို့ရသွားပါတယ်အဲ့ဒိလို ပြဿနာတွေကိုဖြေရှင်းပေးနေတဲ့ အဘေးဆင့်တစ်ယောက် တစ်နေ့မှာသူ့ငယ်ချစ် ဘဘ်လီတစ်ယောက်ကိုလည်း ထိုပြဿနာကို ဖြေရှင်းဖို့အကြောင်းဖန်လာလေသောအခါ ….ဘောလီဝုဒ်ကားတွေနဲ့ဝေးနေရတဲ့ ပရိသတ်ကြီးအတွက် မင်းသားချော ဆစ်ဒရာမဟိုသရာနဲ့မင်းသမီးချော ပရီနတီးချိုပရားတို့ပါဝင်ထားတဲ့ အချစ်ဟာသအက်ရှင်ကားကောင်းလေး တင်ဆက်ပေးထားတာဖြစ်ပါတယ်မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခံစားကြည့်လိုက်ပါဦးဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….
https://drive.google.com/open?id=1Upp8M-kWMk8rSXYiNyiwP_3jTO_Lw5RC