Zawgyi
Blu-Ray 1080p 5.1 CH x264
ေသြးစုပ္ဖုတ္ေကာင္ႀကီး ဒရက္ကူလာေခၚ ဒရက္ဟာ မုဆိုးဖို ျဖစ္ၿပီး ေနာက္ပိုင္းမွာ အထီးက်န္ ေဝဒနာ ခံစားေနရတာေၾကာင့္ သူ႔ သမီးေမးဗစၥက သူ႔အတြက္ ခ်စ္သူအသစ္ ရွာေပးရင္း ပင္လယ္ကူး အေပ်ာ္စီးသေဘၤာႀကီးနဲ႔ အပန္းေျဖခရီးထြက္ဖို႔ စီစဥ္ေပးပါတယ္။ဒရက္၊ေမးဗစၥနဲ႔ သူမခင္ပြန္းေဂ်ာ္နီတို႔ ဦးေဆာင္ၿပီး ဒရက္မိသားစုပိုင္ ဟိုတယ္မွာ လာတည္းတဲ့ ဧည့္သည္ေတြအားလုံး ဂယ္လက္ဇီသေဘၤာႀကီးနဲ႔ ခရီးထြက္ၾကေတာ့ ေခ်ာေမာလွပတဲ့ လူသားေရယာဥ္မႉး အဲရစ္ကာကို ဒရက္က ျမင္ျမင္ခ်င္း ခ်စ္မိသြားတယ္။ဒရက္အလစ္မွာ အဲရစ္ကာက သေဘၤာေအာက္ထပ္မွ ာ ပုန္းၿပီး လိုက္ပါလာတဲ့ သူမအဘိုး ဗင္ဟဲလ္ဆင္းနဲ႔ သြားေတြ႕တယ္။ဗင္ဟာ ေသြးစုပ္ဖုတ္ေကာင္နဲ႔ တ ျခား ေၾကာက္စရာ သတၱဝါေကာင္ေတြ အားလုံးကို မ်ိဳးျဖဳတ္သုတ္ သင္ဖို႔ အျမဲႀကိဳးစားေနသူ ျဖစ္တယ္။
သည္တစ္ခါေတာ့ ေရွးေဟာင္းေရ ေအာက္ၿမိဳ႕ေတာ္ အက္လန္းတစ္ မွာ ရွိတဲ့ အဖ်က္လက္နက္ကို ရယူၿပီးရင္ သတၱဝါေကာင္အားလုံးသတ္ဖို႔ အႀကံျဖင့္ အဲရစ္ကာကို အဲဒါသြားယူခိုင္းပါတယ္။ဒရက္ကို အလ်င္စလိုမ သတ္ျဖတ္ဖို႔ ဗင္က မွာတာ အဲရစ္ကာက မလိုက္နာဘဲ ၄င္းကို နည္းမ်ိဳးစုံနဲ႔သတ္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားေပမဲ့ မေအာင္ျမင္ဘူး။ဒရက္က ကၽြန္းေလးေပၚမွာ ႏွစ္ေယာက္အတူခ်ိန္းေတြ႕ဖို႔ ေျပာေတာ့ အဲရစ္ကာက ၄င္းကို သတ္ခြင့္ရမယ္ထင္ၿပီး လက္ခံကာ ညစာစားၾကတယ္။သိပ္မၾကာခင္မွာ အဲရစ္ကာကို ေမးဗစၥက သံသယဝင္စျပဳလာတယ္။အက္လန္းတစ္ၿမိဳ႕ေဟာင္း ႀကီးဆီမွာ ဂယ္လက္ဇီသေဘၤာဆိုက္ေတာ့ အဲဒါႀကီးကို ကာဆီနိုအသြင္ေျပာင္းထားပုံေတြ႕ၾကရၿပီး အဲရစ္ကာက ေျမေအာက္အုတ္ဂူ ထဲက အဖ်က္လက္နက္ကို ရွာေဖြရယူတယ္။သူမေနာက္ လိုက္ေခ်ာင္းတဲ့ ေမးဗစၥကိုေတာ့ ဘိုးဘြားအေမြပစၥည္းပါလို႔ လိမ္ေျပာတယ္။အဲရစ္ကာက အဖ်က္လက္ နက္ကို အဘိုးျဖစ္သူ ဗင့္လက္ထဲ ေပးအပ္ၿပီး ဗင္က သီခ်င္းဖြင့္တဲ့ ဒီေဂ်ကို ဖယ္ရွားကာ အဖ်က္လက္ နက္ကို ဖြင့္လိုက္တဲ့အခါ သတၱဝါ အားလုံးကို တိုက္ခိုက္သတ္ျဖတ္မယ့္ ေရေအာက္သတၱဝါေကာင္ ႀကီး ခရာကင္လည္း ႏွစ္ေပါင္းမ်ားစြာအိပ္ေပ်ာ္ေနရာက နိုးလာၿပီး ေရ ျပင္အထက္ ဘြားခနဲ ေပၚလာတဲ့ အခါမွာေတာ့ဂ်င္နဒီတာတာေကာ့ဗ္စကီးနဲ႔ မိုက္ကယ္မက္ကူးလားတို႔ရဲ့ ဇာတ္ ညႊန္းကို ဂ်င္နဒီက စီစဥ္ရိုက္ကူးၿပီး အာဒမ္ဆင္းဒလား၊ ဆဲလီးနားဂိုး မက္ဇ္၊ကက္သရင္းဟန္းနဲ႔ အင္ဒီဆင္းဘာ့ဂ္တို႔က အသံျဖင့္ သ႐ုပ္ ေဆာင္ေပးထားၾကတဲ့ သည္ဇာတ္ကားဟာ ၂၀၁၁ ခုႏွစ္က စတင္ေအာင္ျမင္မႈရခဲ့တဲ့ သရီးဒီကာ တြန္းဇာတ္ကားေတြရဲ့ အဆက္ တတိယေျမာက္ ဇာတ္ကားျဖစ္ၿပီး IMdb အဆင့္ ၆.၃/၁၀ ရရွိကာ ေဝဖန္ေရးဆရာတခ်ိဳ႕သာ ခ်ီးမြမ္းထားေပမဲ့ ကာတြန္း႐ုပ္ရွင္ခ်စ္သူ အားလုံး ႏွစ္သက္မယ့္ ကာတြန္း ဇာတ္ကားျဖစ္ပါတယ္။
Unicode
Blu-Ray 1080p 5.1 CH x264
သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။
သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၄င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၄င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။
https://drive.google.com/open?id=1CmObZ4Cz_S5j6NmyB3AHjYIv1jMtc6Xy