Zawgyi
Unicode
ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ
အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ်
စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ်
ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်….