+- +-

+-User

Welcome, Guest.
Please login or register.
 
 
 

Login with your social network

Forgot your password?

+-Stats ezBlock

Members
Total Members: 32
Latest: Aye Aye Moe
New This Month: 0
New This Week: 0
New Today: 0
Stats
Total Posts: 1808
Total Topics: 1805
Most Online Today: 3
Most Online Ever: 32
(May 30, 2026, 12:32:58 pm)
Users Online
Members: 0
Guests: 1
Total: 1

Author Topic: Detective China Town  (Read 8 times)

  • Administrator
  • Hero Member
  • *****
  • Posts: 1343
  • Karma: +0/-0
    • View Profile
Detective China Town
« on: March 17, 2020, 09:50:37 pm »
Zawgyi
Detective Chinatown (2) (2018)ကို တင်ပြီးသားပါ…2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဥာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင်တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက်ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်…
 ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာစုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူးစိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ်သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့…တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကိုလူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဥာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်…ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့ ဟာသဇာတ်ဝင်ခန်းလေးတွေကို ကြည့်လိုက်ကြပါ…

Unicode
Detective Chinatown (2) (2018)ကို တင်ပြီးသားပါ…2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဉာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင်တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက်ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်…
 ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာစုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူးစိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ်သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့…တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ဇာတ်ဝင်ခန်းလေးတွေပါ အဲနောက်မှာတော့ ထန်ရန်ကိုလူသတ်မှုတစ်ခုမှာ ချောက်တွန်းခံရတာကနေ သူတို့ တူဝရီးနှစ်ယောက် ပြေးရလွှားရနဲ့ အမှုဖော်တာတွေကို မြင်တွေ့ရမှာပါ ဉာဏ်ကောင်းပြီး စုံထောက်ဝတ္ထုတွေ ဇာတ်လမ်းတွေကနေထောက်လှမ်းနည်းတွေကို သင်ယူခဲ့တဲ့ ချင်ဖုန်းရဲ့ စကေးတွေကိုလည်း မြင်တွေ့ရမှာပါ ဒီ့အပြင် နောက်ဆုံးမှာတော့ ချင်ဖုန်း ဘာလို့ ရဲကောလိပ်ကို ဝင်ခွင့်မရလဲ ဆိုတဲ့ တကယ့်အကြောင်းရင်းကလည်း ရှိနေပြန်ပါသေးတယ်…ဒီတော့ ထန်ရန်နဲ့ ချင်ဖုန်း နှစ်ယောက်သား ဘယ်လိုအတွဲညီညီနဲ့ အမှုမှန်ဖော်မလဲ ဆိုတာကိုတော့ ဟာသဇာတ်ဝင်ခန်းလေးတွေကို ကြည့်လိုက်ကြပါ…

MEGA provides free cloud storage with convenient and powerful always-on privacy. Claim your free 20GB now
mega.nz

 

+-Recent Topics

How to talk to girls at parties by shoonlae
April 09, 2020, 07:49:21 pm

Hold The Dark by shoonlae
April 09, 2020, 07:06:48 pm

He's Out There by shoonlae
April 09, 2020, 07:05:34 pm

Episode 8 by shoonlae
April 08, 2020, 06:50:52 pm

Game over man by shoonlae
April 08, 2020, 05:48:14 pm

Glaveston by shoonlae
April 08, 2020, 05:24:05 pm

From Dusk Till Down by shoonlae
April 08, 2020, 05:18:27 pm

Friday by shoonlae
April 08, 2020, 05:04:33 pm

Flushed Away by shoonlae
April 08, 2020, 04:58:00 pm

Flower by shoonlae
April 08, 2020, 04:56:04 pm