Zawgyi
Unicode
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Catch The Ghost ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်
ဒီဇာတ်ကားလေးကို tvN ရုပ်သံလိုင်းကနေ အပတ်စဥ် တနင်္လာ အင်္ဂါ ၂ ရက် ကိုရီးယား စံတော်ချိန် 21:30 မှာ
ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပိုင်း ၁၆ ပိုင်း ပါ၀င်မှာဖြစ်ပါတယ်ယူယောင်းဟာ ခေါင်းမာတဲ့ ရဲမေလေး တစ်ယောက်ဖြစ်ပါတယ်
သူ့မှာ Autism ဖြစ်နေတဲ့ အမွှာညီမတစ်ယောက်ရှိပြီး ညီမဖြစ်သူဟာ
မြေအောက်ရထား ဘူတာမှာ ပျောက်ဆုံးသွားခဲ့ပါတယ် ညီမပျောက်ဆုံးမှုကို
မြေအောက်ရထား ကွင်းဆက်လူသတ်သမားရဲ့ လက်ချက်လို့ သူမကယူဆထားပေမယ့်
အလောင်းမတွေ့ရတာကြောင့် ရဲတွေက မစုံစမ်းပေးခဲ့ပါဘူး
ဒါကြောင့် သူမကိုယ်တိုင်စုံစမ်းဖို့ မြေအောက်ရထားရဲဌာနကို ၀င်ခဲ့ပါတယ်
ဂိုဂျီဆော့ဟာ မြေအောက်ရထားရဲဌာန ၀မ်ဆူရီဘူတာရဲ့ ရဲမှူးတစ်ယောက်ဖြစ်ပြီး
ပြဿနာကြီးလာမယ့်ကိစ္စတွေကိုတော့ အမြဲလက်ရှောင်ပြီး အေးဆေးနေဖို့ကြိုးစားသူပါ
ဒါပေမယ့် ယူယောင်းရောက်လာပြီးနောက်ပိုင်းမှာ တရားမျှတမှုကို လိုချင်လွန်းတဲ့
ယူယောင်းရဲ့ စည်းဘောင်အပြင်ကျော်ပြီး လုပ်လိုက်တဲ့ ပြသနာတွေကိုပဲ အမြဲလိုက် ရှင်းရပါတော့တယ်
ဂျီဆော့နဲ့ယူယောင်း တို့ ကွင်းဆက်လူသတ်မှုနဲ့ အခြားသော မြေအောက်ရထားဘူတာက
အမှူတွေကို ဘယ်လိုဖြေရှင်းမလဲ ယူယောင်းရဲ့အမွှာပျောက်ဆုံးမှုကရော တကယ်ပဲ
ကွင်းဆက်လူသတ်သမားနဲ့ ပက်သက်နေလားဆိုတာကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှူပါနော်
https://drive.google.com/open?id=1ocXGlZOvEsQsqX9JzoGd5_fdw97J8KlD