Zawgyi
ဒီဇာတ္ကားကေတာ့ IMDb7.8ေတာင္ရထားတဲ့ဂ်ပန္မိသားစုဒရမ္မာဇာတ္ကားေကာင္းတစ္ကားပဲျဖစ္ပါတယ္အေဖနဲ႔သားၾကားမွာေပ်ာက္ပ်က္သြားတဲ့ခ်စ္ျခင္းေမတၱာေတြကိုဂိမ္းကစားရင္းျပန္လည္ရွာေဖြတာကိုရိုက္ကူးျပထားတာပါငယ္ငယ္ကအေဖနဲ႔သားနဲ႔ရင္းႏွီးခဲ့ေပမယ့္
အလုပ္ေတြမ်ားလာၿပီးေနာက္အိမ္ကိုေတာင္ပုံမွန္မျပန္ျဖစ္ေတာ့ပဲမိသားစုဝင္ေတြနဲ႔လည္းအေနေဝးလါခဲ့တဲ့အေဖ..တစ္ရက္မွာေတာ့အလုပ္ကိုအရမ္းခ်စ္တဲ့အေဖကအလုပ္ထြက္ၿပီးျပန္လာတဲ့အခါ…အေဖ့အေၾကာင္းကိုပိုသိေအာင္လုပ္ခ်င္ေပမယ့္စကားနည္းတဲ့အေဖနဲ႔ဘယ္လိုမွစကားေျပာဖို႔အဆင္မေျပတဲ့အခါမွာေတာ့ဂိမ္းထဲကေနဆက္သြယ္မယ္ဆိုၿပီးအႀကံေပၚလာပါေတာ့တယ္အဲဒါနဲ႔ပဲသူ႔အေဖကိုဂိမ္းစက္ဝယ္ေပးၿပီးဂိမ္းကစားနည္းသင္ေပးလိုက္ၿပီးေတာ့တစ္ဖက္မွာလည္းသူ႔အေဖမသိေအာင္ဂိမ္းထဲမွာမိတ္ေဆြဖြဲ႕ၿပီးအတူတူကစားရင္းသားအဖႏွစ္ေယာက္ဘယ္လိုျပန္လည္ရင္းႏွီးေအာင္လုပ္မလဲသူ႔အေဖရဲ့အေၾကာင္းေတြကိုေရာသူသိလာနိုင္မလားေနာက္ဆုံးသူ႔အေဖအလုပ္ထြက္လာရတဲ့အေၾကာင္းရင္းကိုသိသြားတဲ့အခါမွာေရာ….ဒီကားေလးကသားအဖႏွစ္ေယာက္ကိုဇာတ္အိမ္တည္ထားတဲ့ဒရမ္မာဇာတ္ကားဆိုေပမယ့္တစ္စက္ကေလးမွပ်င္းဖို႔မေကာင္းေအာင္ရိုက္ကူးထားတဲ့အျပင္ဂိမ္းေဆာ့တဲ့စြန႔္စားခန္းေတြဟာလည္းကြန္ပ်ဴတာeffectေတြပိေနတာမဟုတ္တာေၾကာင့္တကယ္ကိုၾကည့္ရတန္မယ့္ဇာတ္ကားေလးျဖစ္ပါတယ္မိသားစုေတြၾကားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ရင္းရင္းႏွီးႏွီးပြင့္ပြင့္လင္းလင္းရွိဖို႔ကိုအဓိကmessageေပးသြားတဲ့ဇာတ္ကားေကာင္းေလးပါ
Unicode
ဒီဇာတ်ကားကတော့ IMDb7.8တောင်ရထားတဲ့ဂျပန်မိသားစုဒရမ်မာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အဖေနဲ့သားကြားမှာပျောက်ပျက်သွားတဲ့ချစ်ခြင်းမေတ္တာတွေကိုဂိမ်းကစားရင်းပြန်လည်ရှာဖွေတာကိုရိုက်ကူးပြထားတာပါငယ်ငယ်ကအဖေနဲ့သားနဲ့ရင်းနှီးခဲ့ပေမယ့်
အလုပ်တွေများလာပြီးနောက်အိမ်ကိုတောင်ပုံမှန်မပြန်ဖြစ်တော့ပဲမိသားစုဝင်တွေနဲ့လည်းအနေဝေးလါခဲ့တဲ့အဖေ..တစ်ရက်မှာတော့အလုပ်ကိုအရမ်းချစ်တဲ့အဖေကအလုပ်ထွက်ပြီးပြန်လာတဲ့အခါ…အဖေ့အကြောင်းကိုပိုသိအောင်လုပ်ချင်ပေမယ့်စကားနည်းတဲ့အဖေနဲ့ဘယ်လိုမှစကားပြောဖို့အဆင်မပြေတဲ့အခါမှာတော့ဂိမ်းထဲကနေဆက်သွယ်မယ်ဆိုပြီးအကြံပေါ်လာပါတော့တယ်အဲဒါနဲ့ပဲသူ့အဖေကိုဂိမ်းစက်ဝယ်ပေးပြီးဂိမ်းကစားနည်းသင်ပေးလိုက်ပြီးတော့တစ်ဖက်မှာလည်းသူ့အဖေမသိအောင်ဂိမ်းထဲမှာမိတ်ဆွေဖွဲ့ပြီးအတူတူကစားရင်းသားအဖနှစ်ယောက်ဘယ်လိုပြန်လည်ရင်းနှီးအောင်လုပ်မလဲသူ့အဖေရဲ့အကြောင်းတွေကိုရောသူသိလာနိုင်မလားနောက်ဆုံးသူ့အဖေအလုပ်ထွက်လာရတဲ့အကြောင်းရင်းကိုသိသွားတဲ့အခါမှာရော….ဒီကားလေးကသားအဖနှစ်ယောက်ကိုဇာတ်အိမ်တည်ထားတဲ့ဒရမ်မာဇာတ်ကားဆိုပေမယ့်တစ်စက်ကလေးမှပျင်းဖို့မကောင်းအောင်ရိုက်ကူးထားတဲ့အပြင်ဂိမ်းဆော့တဲ့စွန့်စားခန်းတွေဟာလည်းကွန်ပျူတာeffectတွေပိနေတာမဟုတ်တာကြောင့်တကယ်ကိုကြည့်ရတန်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်မိသားစုတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းရှိဖို့ကိုအဓိကmessageပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ
MEGA provides free cloud storage with convenient and powerful always-on privacy. Claim your free 20GB now