+- +-

+-User

Welcome, Guest.
Please login or register.
 
 
 

Login with your social network

Forgot your password?

+-Stats ezBlock

Members
Total Members: 32
Latest: Aye Aye Moe
New This Month: 0
New This Week: 0
New Today: 0
Stats
Total Posts: 1808
Total Topics: 1805
Most Online Today: 6
Most Online Ever: 32
(May 30, 2026, 12:32:58 pm)
Users Online
Members: 0
Guests: 3
Total: 3

Author Topic: Small Foot 2018  (Read 2 times)

  • Administrator
  • Hero Member
  • *****
  • Posts: 1343
  • Karma: +0/-0
    • View Profile
Small Foot 2018
« on: November 14, 2019, 08:28:06 pm »
Zawgyi
Blu-Ray 1080p 5.1 CH x264
Big Foot ဆိုတဲ့ Animation ကားေလးကို လူတိုင္းၾကည့္ဖူးၾကမယ္ထင္ပါတယ္။ ဒီကားကေတာ့ Small Foot ပါ။Big Foot နဲ႕ဇာတ္လမ္းခ်င္းဘာမွဆက္စပ္မႈမရွိပါဘူး။ဒီကားမွာေတာ့ ႏွင္းလူ(Yeti)ေတြဖက္ကေန ရိုက္ထားတာမ်ိဳးျဖစ္ၿပီးလူေတြကေတာ့ သူတို႔အတြက္ လ်ိဳ႕၀ွက္ဆန္းၾကယ္တဲ့သတၱ၀ါေတြေပါ့။ဇာတ္လမ္းအက်ဥ္းကေတာ့ ဟိမ၀ႏၷာထဲက ေတာင္ထိပ္တစ္ခုအေပၚမွာ ႏွင္းလူေတြ ေနထိုင္ၾကတဲ့ ရြာေလးတစ္ရြာရွိတယ္။အဲ့ဒီရြာမွာ ႏွင္းလူတိုင္းက သူ႔တာ၀န္နဲ႕သူ ထမ္းေဆာင္ၾကရင္း ရြာအက်ိဳးသယ္ပိုးၾကရတာေပါ့။
သူတို႔ေတြရဲ႕ေခါင္းေဆာင္ကေတာ့Stonekeeper လို႔ေခၚတဲ့ ႏွင္းလူအဖိုးႀကီးတစ္ေယာက္၊ ဘာလို႔ Stonekeeper လို႔ေခၚလဲဆိုေတာ့ ေခတ္အဆက္ဆက္ဘိုးေဘးဘီဘင္လက္ထက္ေတြကတည္းက စည္းမ်ဥ္းေတြကို ေရးထြင္းထားတဲ့ ေက်ာက္တုံးေတြကို ၀တ္ရုံတစ္ခုအျဖစ္ျခံဳၿပီး ထိန္းသိမ္းထားရလို႔ျဖစ္ပါတယ္။တစ္ရြာလုံးကလဲ သူ႔ညႊန္ၾကားတဲ့အတိုင္းတစ္ေသြမတိမ္းလိုက္နာၾကပါတယ္။ထူးဆန္းတာက ေက်ာက္တုံးေတြမွာ ေရးထြင္းထားတဲ့ စည္းမ်ဥ္းေတြျဖစ္ပါတယ္။သူတို႔ရဲ႕ရြာက ကၽြန္းတစ္ကၽြန္းေပၚမွာျဖစ္ၿပီး တိမ္ပင္လယ္ၾကားမွာလြင့္ေမ်ာေနတာ၊ ေအာက္ကိုျပဳတ္မက်ေအာင္ ဆင္ေတြက ထိန္းထားေပးတာ ဆိုတာမ်ိဳး ပါေနပါတယ္။ေနာက္ၿပီး ဒီကားေလးရဲ႕ ဇာတ္လိုက္ျဖစ္တဲ့ မီဂို ဆိုတဲ့ႏွင္းလူရဲ႕ အေဖက ရြာရဲ႕ ေမာင္းတီးသမားျဖစ္ပါတယ္။ဘာလို႔ေမာင္းတီးသမားျဖစ္ရလဲဆိုေတာ့ သူတို႔ရြာကို အလင္းေရာင္ေပးဖို႔ ေကာင္းကင္ေပၚက ေတာက္ပေနတဲ့ခရုႀကီးကိုႏိႈးဖို႔အတြက္ျဖစ္ပါတယ္တဲ့။မီဂိုကလဲ သူ႔အေဖ အလုပ္ကိုဆက္ခံရမယ့္သူေပါ့။တစ္ေန႔ေတာ့ အေဖျဖစ္သူရဲ႕အလုပ္ကိုဆက္ခံဖို႔အတြက္ မီဂိုတစ္ေယာက္ ေမာင္းတီးေလ့က်င့္ရမယ့္ရက္ကိုေရာက္လာပါေတာ့တယ္။ဒါေပမယ့္ ျဖစ္ခ်င္ေတာ့မီဂို ေမာင္းတီးတာ လဲြသြားၿပီး ေတာင္ေအာက္ကိုက်သြားတဲ့အခ်ိန္မွာ ေလယာဥ္ပ်ံတစ္စီး သူ႔နားမွာပ်က္က်တာနဲ႕တိုက္တိုက္ဆိုင္ဆိုင္သြားေတြ႕ပါေတာ့တယ္။ေလယာဥ္ထဲက ေလယာဥ္မွဴးကို သူေတြ႕လိုက္တဲ့အခါမွာေတာ့ သူလုံး၀အလန္႔တၾကားျဖစ္သြားပါတယ္။ဘာလို႔လဲ? လူဆိုတာ သူတို႔ရြာထဲမွာ Small Foot လို႔ေခၚတဲ့ ဒ႑ာရီဆန္ဆန္သတၱ၀ါမ်ိဳးျဖစ္ေနလို႔ပါပဲ။သူ Small foot(လူ)ေတြ႕ခဲ့တယ္ဆိုတာကို သူ႔ရြာကလူေတြကို ျပန္ေျပာတဲ့အခါမွာ မယုံၾကတဲ့အျပင္ေက်ာက္တုံးေတြရဲ႕ စည္းမ်ဥ္းကိုဆန္႔က်င္တယ္ဆိုၿပီး ရြာကေနႏွင္ထုတ္လိုက္ပါေတာ့တယ္။မီဂို တစ္ေယာက္ Small Foot ရွိေၾကာင္းကို ဘယ္လိုမ်ား ရြာကို သက္ေသျပမလဲ၊ ဘယ္လိုအခက္အခဲေတြႀကံဳေတြ႕အုန္းမလဲဆုိတာေတာ့ ဇာတ္ကားမွာပဲ ဆက္လက္ၾကည့္ရႈလိုက္ၾကပါခင္ဗ်ာ။ဒီကားေလးက ဇာတ္လမ္းေလးလဲမဆိုးလွသလို Animation ကားျဖစ္လို႔မိသားစုနဲ႕အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ၾကည့္လို႔ေကာင္းတဲ့ကားမ်ိဳးေလးပါ။ေနာက္တစ္ခ်က္ကေတာ့ ဒီကားၾကည့္ၿပီးအသိတစ္ခုခုေတာ့ရသြားလိမ့္မယ္လို႔ထင္ပါတယ္။ဘာအသိလဲဆိုတာေတာ့ ဇာတ္ကားၾကည့္ရင္း စဥ္းစားၾကည့္ၾကေပါ့ :p (ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကိုဟိန္းမင္းထြန္းပါ)

Unicode
Blu-Ray 1080p 5.1 CH x264
Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။
သူတို့တွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လို့ခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို့ Stonekeeper လို့ခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ၀တ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလို့ဖြစ်ပါတယ်။တစ်ရွာလုံးကလဲ သူ့ညွှန်ကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာကြပါတယ်။ထူးဆန်းတာက ကျောက်တုံးတွေမှာ ရေးထွင်းထားတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာလွင့်မျောနေတာ၊ အောက်ကိုပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုး ပါနေပါတယ်။နောက်ပြီး ဒီကားလေးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့နှင်းလူရဲ့ အဖေက ရွာရဲ့ မောင်းတီးသမားဖြစ်ပါတယ်။ဘာလို့မောင်းတီးသမားဖြစ်ရလဲဆိုတော့ သူတို့ရွာကို အလင်းရောင်ပေးဖို့ ကောင်းကင်ပေါ်က တောက်ပနေတဲ့ခရုကြီးကိုနှိုးဖို့အတွက်ဖြစ်ပါတယ်တဲ့။မီဂိုကလဲ သူ့အဖေ အလုပ်ကိုဆက်ခံရမယ့်သူပေါ့။တစ်နေ့တော့ အဖေဖြစ်သူရဲ့အလုပ်ကိုဆက်ခံဖို့အတွက် မီဂိုတစ်ယောက် မောင်းတီးလေ့ကျင့်ရမယ့်ရက်ကိုရောက်လာပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့မီဂို မောင်းတီးတာ လွဲသွားပြီး တောင်အောက်ကိုကျသွားတဲ့အချိန်မှာ လေယာဉ်ပျံတစ်စီး သူ့နားမှာပျက်ကျတာနဲ့တိုက်တိုက်ဆိုင်ဆိုင်သွားတွေ့ပါတော့တယ်။လေယာဉ်ထဲက လေယာဉ်မှူးကို သူတွေ့လိုက်တဲ့အခါမှာတော့ သူလုံးဝအလန့်တကြားဖြစ်သွားပါတယ်။ဘာလို့လဲ? လူဆိုတာ သူတို့ရွာထဲမှာ Small Foot လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန်သတ္တဝါမျိုးဖြစ်နေလို့ပါပဲ။သူ Small foot(လူ)တွေ့ခဲ့တယ်ဆိုတာကို သူ့ရွာကလူတွေကို ပြန်ပြောတဲ့အခါမှာ မယုံကြတဲ့အပြင်ကျောက်တုံးတွေရဲ့ စည်းမျဉ်းကိုဆန့်ကျင်တယ်ဆိုပြီး ရွာကနေနှင်ထုတ်လိုက်ပါတော့တယ်။မီဂို တစ်ယောက် Small Foot ရှိကြောင်းကို ဘယ်လိုများ ရွာကို သက်သေပြမလဲ၊ ဘယ်လိုအခက်အခဲတွေကြံုတွေ့အုန်းမလဲဆိုတာတော့ ဇာတ်ကားမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါခင်ဗျာ။ဒီကားလေးက ဇာတ်လမ်းလေးလဲမဆိုးလှသလို Animation ကားဖြစ်လို့မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြည့်လို့ကောင်းတဲ့ကားမျိုးလေးပါ။နောက်တစ်ချက်ကတော့ ဒီကားကြည့်ပြီးအသိတစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်။ဘာအသိလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်း စဉ်းစားကြည့်ကြပေါ့ :p (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)





 

+-Recent Topics

How to talk to girls at parties by shoonlae
April 09, 2020, 07:49:21 pm

Hold The Dark by shoonlae
April 09, 2020, 07:06:48 pm

He's Out There by shoonlae
April 09, 2020, 07:05:34 pm

Episode 8 by shoonlae
April 08, 2020, 06:50:52 pm

Game over man by shoonlae
April 08, 2020, 05:48:14 pm

Glaveston by shoonlae
April 08, 2020, 05:24:05 pm

From Dusk Till Down by shoonlae
April 08, 2020, 05:18:27 pm

Friday by shoonlae
April 08, 2020, 05:04:33 pm

Flushed Away by shoonlae
April 08, 2020, 04:58:00 pm

Flower by shoonlae
April 08, 2020, 04:56:04 pm