Zawgyi
Searching ဆိုတဲ့ကားေလးက ၂၀၁၈ ခုႏွစ္ထြက္ Thriller, Mystery, Drama ဇာတ္ကားေလးတစ္ကားျဖစ္ပါတယ္။ဇာတ္လမ္းကေတာ့ ရုိးရွင္းပါတယ္ သားအဖႏွစ္ေယာက္ရွိတယ္အေမဆုံးၿပီးေနာက္ပိုင္း အေဖတစ္ခုသမီးတစ္ခုတစ္ေန႔မွာ သမီးျဖစ္သူေပ်ာက္သြားတယ္ အဲ့ဒါနဲ႕ရဲကိုတိုင္ခ်က္ဖြင့္ လိုက္ရွာတယ္ အဲ့ဒါပါပဲ။ထူးျခားတာကေတာ့ တစ္ကားလုံး ကြန္ျပဴတာစခရင္ေပၚမွာပဲ ၿပီးသြားပါတယ္။
(ဇာတ္လမ္းကိုေတာ့ Spoilသလိုျဖစ္မွာဆိုးလို႔လုံး၀မေရးထားျခင္းျဖစ္ပါသည္)ဒိုင္ယာေလာ့ခ္ေတြအကုန္လုံးက Facebook YouCast စတဲ့ social mediaေတြက live လႊင့္တာေတြVideo call ေခၚတာေတြ Chat message ေတြပဲျဖစ္ပါတယ္။အဲ့လိုမ်ိဳးႀကီးရိုက္ထားလို႔ ပ်င္းစရာေတာ့လုံး၀မေကာင္းပါဘူးတစ္ကားလုံး ဇာတ္လမ္းဇာတ္ကြက္အခ်ိတ္အဆက္မိမိ တင္ဆက္ထားပါတယ္။ယေန႔ေခတ္ရဲ႕ Social life ကိုလုံး၀ပုံေဖာ္ရိုက္ကူးထားတဲ့ကားေလးပါ။အမႈအသြားအလာကလဲ စိတ္၀င္စားဖို႔ေကာင္းသလိုသားသမီးနဲ႕မိဘၾကားက မထင္မွတ္တဲ့အမွားေလးေတြ နားလည္မႈလဲြမႈေလးေတြကိုလဲ လွစ္ဟျပထားပါေသးတယ္။လ်ိဳ႕၀ွက္ဆန္းၾကယ္ဇာတ္ကားမ်ိဳးကိုမွသေဘာက်တဲ့သူေတြအတြက္ အႀကိဳက္ေတြ႕ေစမယ့္ကားေလးတစ္ကားျဖစ္ပါတယ္။အဲ့ဒါအျပင္ တစ္ကားလုံး အင္တာနက္သုံးေနတာျဖစ္ေနတဲ့အတြက္ ဇာတ္ကားၾကည့္ရင္းပညာပါရႏိုင္ပါေသးတယ္ခင္ဗ် 😀မွတ္ခ်က္။ ။ ဒီဇာတ္ကားရဲ႕ Engမူရင္းစာဖိုင္မွာ Chat messageေနရာေတြမွာ စာတန္းမပါလာတာေၾကာင့္ ကိုယ့္ဘာသာကိုယ္အသစ္ထည့္ေပးထားပါတယ္။အဲ့ဒါေၾကာင့္အခ်ိဳ႕ေနရာေတြမွာ စာတန္းျမန္ေနတာမ်ိဳးရွိေနႏိုင္ပါတယ္။ စာတန္းအတြက္ အခ်ိန္နည္းလြန္းေနတာမ်ိဳးပါ။ သည္းခံဖတ္ေပးၾကပါခင္ဗ် 😀
Unicode
Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ်အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခုတစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။
(ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်)ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူးတစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ 😀မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ 😀