T Community
Movies => Philippines Movies => English Movies => B => Topic started by: shoonlae on November 29, 2019, 06:58:21 pm
-
Zawgyi
ဒီဇာတ္လမ္းကေတာ့ ၿပီးခဲ့တဲ့ ျသဂုတ္လကမွ ရံုတင္ခဲ့တဲ့ ဖိလစ္ပိုင္အက္႐ွင္ဇာတ္ၾကမ္း အသစ္စက္စက္ပါ။ ဇာတ္ၾကမ္းလို႔ဆိုႏိုင္ေပမဲ့ မင္းသမီးကို အသားေပးထားတာမို႔ ျမင္ေနက် မင္းသားဟီး႐ိုးလုပ္တဲ့ အက္႐ွင္ကားေတြနဲ႔ေတာ့ နည္းနည္းကြာမွာပါ။ ဇာတ္လမ္းေက်ာ႐ိုးက လက္႐ွိဖိလစ္ပိုင္ရဲ႕ နာမည္ေက်ာ္ မူးယစ္ေဆးႏွိမ္နင္းေရးတိုက္ပြဲႀကီးကို အေျခခံထားတယ္ဆိုရင္လည္း မမွားပါဘူး။
ဇာတ္လမ္းမွာ ဖိလစ္ပိုင္မူးယစ္ေဆးဝါးႏွိမ္နင္းေရး အထူးတပ္ဖြဲ႔က အဖြဲ႔တစ္ဖြဲ႔ဟာ ဖမ္းဆီးရခက္တဲ့ နာမည္ေက်ာ္ မူးယစ္ရာဇာတစ္ေယာက္ရဲ႕ စခန္းကို ဝင္စီးၿပီး မူးယစ္ရာဇာကိုပါ ဖမ္းဆီးမယ့္ စစ္ဆင္ေရးတစ္ခု အစျပဳခဲ့ၾကပါတယ္။ စစ္ဆင္ေရးနာမည္က Buy-Bust…သူလ်ဳိတစ္ေယာက္ရဲ႕ အကူအညီနဲ႔ ဝင္စီးဖို႔ ထြက္လာတဲ့ သူတို႔အဖြဲ႔ဟာ စစ္ဆင္ေရးအစမွာပဲ ေထာင္ေခ်ာက္ဆင္ခံရၿပီဆိုတာ သိလိုက္ရပါတယ္။
အခ်ိန္ယူၿပီးစနစ္တက်ေလ့က်င့္ထားခဲ့ၾကတဲ့ သူတို႔အဖြဲ႔ဝင္ေတြ ဘယ္လိုရင္ဆိုင္တိုက္ခိုက္ၾကမလဲ၊
ကြၽမ္းက်င္ထက္ျမတ္တဲ့ မန္နင္းဆိုတဲ့ အဓိကဇာတ္ေကာင္ အမ်ဳိးသမီးတပ္ဖြဲ႔ဝင္ကေရာ ဘယ္လိုေတြ ႐ုန္းကန္႐ွင္သန္သြားမလဲ၊ မူးယစ္ရာဇာရဲ႕ အာဏာစက္ထဲေရာက္ေနတဲ့ ေဒသခံေတြနဲ႔ေရာ ဘယ္လို ပဋိပကၡျဖစ္ၾကမလဲ၊ သူတို႔ဘက္က အက်င့္ပ်က္ျခစားေနတဲ့ သူလ်ဳိကေရာ ဘယ္သူျဖစ္မလဲ၊ ေနာက္ဆံုး ဘယ္သူေတြ အသက္႐ွင္က်န္ရစ္ခဲ့မလဲ ဆိုတာကို ရင္တထိတ္ထိတ္ ၾကည့္႐ူရမွာပါ။ဇာတ္ၾကမ္းဆိုတဲ့အတိုင္း အပစ္အခတ္ အသတ္အျဖတ္ေတာ့ နည္းနည္းေတာ့ ၾကမ္းပါတယ္ေနာ္။ ႀကိဳသတိေပးထားတာ ?ဇာတ္လမ္းမွာ ဖိလစ္ပိုင္က နာမည္ႀကီးမင္းသမီးတစ္လက္ျဖစ္တဲ့ Anne Curtis နဲ႔ မင္းသား Branton Vera တို႔ အဓိကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
(ရုပ္ရွင္အညႊန္းနဲ႔ ဘာသာျပန္ကို Cherry Mon မွတင္ဆက္ထားတာပါ။)
Unicode
ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။
ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust…သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။
အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊
ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရူရမှာပါ။ဇာတ်ကြမ်းဆိုတဲ့အတိုင်း အပစ်အခတ် အသတ်အဖြတ်တော့ နည်းနည်းတော့ ကြမ်းပါတယ်နော်။ ကြိုသတိပေးထားတာ ?ဇာတ်လမ်းမှာ ဖိလစ်ပိုင်က နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Anne Curtis နဲ့ မင်းသား Branton Vera တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
(https://i.ibb.co/q1WRhbC/49d3ae7a1b3feef9e7d859aed403dc98-2400.jpg) (https://ibb.co/bd2rYpF)
https://drive.google.com/open?id=12OBN1UAetXd3YXJyhaH1fqp5kXtSLKzc