T Community
Movies => India Movies => D => Topic started by: shoonlae on March 20, 2020, 08:41:14 pm
-
Zawgyi
အခ်စ္နဲ႔ ရင္းခဲ့တဲ့ တူႏွစ္ကိုယ္ဘဝေလး။မေမွ်ာ္လင့္တဲ့ ကံဆိုးျခင္းေတြ မလာခင္ထိေတာ့ ေအးခ်မ္းတာေပါ့။လိႈင္းေတြ လာတဲ့အခ်ိန္ကမ္းေပၚက သဲအိမ္ေတြ ၿပိဳပ်က္ေပးရမွာ သဘာဝပါပဲ။” မင္းအတြက္ တစ္ေန႔က်ရင္ အိမ္ႀကီး ထည္ထည္ဝါဝါေဆာက္ေပးမယ္ ”“အိမ္ႀကီး မလိုပါဘူး ငယ္ငယ္ေလးကတည္းကေနခဲ့ဖူးၿပီးၿပီ၊အိမ္တစ္ေဆာင္.. ငါတို႔ႏွစ္ေယာက္အတြက္ပဲထမင္းခ်က္ရမယ့္ အိမ္တစ္ေဆာင္ပဲ လိုခ်င္တာပါ ”
______________________________ဇာတ္လမ္းအက်ဥ္း
———————–
Dhadak ဆိုတဲ့ ကားေလးကအဆင့္အတန္း မတူတဲ့ ဘဝႏွစ္ခုၾကားကအခ်စ္စစ္ကို ေဖာ္က်ဳးထားတဲ့ ကားေကာင္းေလးပါ။မေမွ်ာ္လင့္ဘဲ ေသနတ္ဆြဲမိခဲ့တဲ့ မိမိ၊ဘဝအတြက္ အဆင္သင့္ မျဖစ္ေသးတဲ့ မိမိခ်စ္သူ၊မေမွ်ာ္လင့္ဘဲ အာဏာရလာတဲ့ ဖခင္၊အားလံုးက ကံစီမံရာအတိုင္း ယိမ္းကရေပမဲ့အသိမႂကြယ္ေသးတဲ့ လူငယ္အိမ္ေထာင္သည္ဘဝမွာေရွာင္ေျပးၾကရင္း၊ ဘဝကို ႐ုန္းကန္ၾကရင္းနဲ႔စကားမ်ားရန္ျဖစ္ၾကာတာလည္းယေန႔ေခတ္ရဲ႕ ကိုယ္ေတြ႕ ျမင္ကြင္း၊သတိထားစရာ ပညာယူစရာေတြပါ။ဒါေပမဲ့ သူတို႔ဘဝမွာေတာ့ မေမွ်ာ္လင့္ဘဲ….——————-ဒရာမာပရိသတ္ေတြ ေႂကြတဲ့ Beyond the clouds ရဲ႕မင္းသားေခ်ာက အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီးမင္းသမီးေခ်ာေလး(အိႏၵိယေအးေသာင္း)နဲ႔အတူ ဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ထားပါတယ္။အိမ္ေထာင္ျပဳမယ့္သူေတြေရာ…အိမ္ေထာင္ျပဳၿပီးစ ၾကင္စဦးဇနီးေမာင္ႏွံေတြပါအတုယူသင့္တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါေၾကာင္း…ယေန႔ေခတ္ ႐ုပ္ရွင္အမ်ားစုမွာ ထည့္သြင္းေနက်ဇာတ္သိမ္းႏွစ္မ်ဳိး ထည့္သြင္းေပးထားလို႔အေပ်ာ္နဲ႔ ဇာတ္သိမ္းႏိုင္သလို.. အလြမ္းအေဆြးအငိုနဲ႔လည္း ဇာတ္သိမ္းႏိုင္မွာပါ။(သီခ်င္းစာသားေတြ ထည့္ေရးေပးခ်င္ေပမဲ့သီခ်င္းစာသားေတြ မူရင္းထဲ မပါလို႔ ထည့္မေရးႏိုင္ခဲ့ပါေၾကာင္း……)
Unicode
အချစ်နဲ့ ရင်းခဲ့တဲ့ တူနှစ်ကိုယ်ဘဝလေး။မမျှော်လင့်တဲ့ ကံဆိုးခြင်းတွေ မလာခင်ထိတော့ အေးချမ်းတာပေါ့။လှိုင်းတွေ လာတဲ့အချိန်ကမ်းပေါ်က သဲအိမ်တွေ ပြိုပျက်ပေးရမှာ သဘာဝပါပဲ။” မင်းအတွက် တစ်နေ့ကျရင် အိမ်ကြီး ထည်ထည်ဝါဝါဆောက်ပေးမယ် ”“အိမ်ကြီး မလိုပါဘူး ငယ်ငယ်လေးကတည်းကနေခဲ့ဖူးပြီးပြီ၊အိမ်တစ်ဆောင်.. ငါတို့နှစ်ယောက်အတွက်ပဲထမင်းချက်ရမယ့် အိမ်တစ်ဆောင်ပဲ လိုချင်တာပါ ”
______________________________ဇာတ်လမ်းအကျဉ်း
———————–
Dhadak ဆိုတဲ့ ကားလေးကအဆင့်အတန်း မတူတဲ့ ဘဝနှစ်ခုကြားကအချစ်စစ်ကို ဖော်ကျုးထားတဲ့ ကားကောင်းလေးပါ။မမျှော်လင့်ဘဲ သေနတ်ဆွဲမိခဲ့တဲ့ မိမိ၊ဘဝအတွက် အဆင်သင့် မဖြစ်သေးတဲ့ မိမိချစ်သူ၊မမျှော်လင့်ဘဲ အာဏာရလာတဲ့ ဖခင်၊အားလုံးက ကံစီမံရာအတိုင်း ယိမ်းကရပေမဲ့အသိမကြွယ်သေးတဲ့ လူငယ်အိမ်ထောင်သည်ဘဝမှာရှောင်ပြေးကြရင်း၊ ဘဝကို ရုန်းကန်ကြရင်းနဲ့စကားများရန်ဖြစ်ကြာတာလည်းယနေ့ခေတ်ရဲ့ ကိုယ်တွေ့ မြင်ကွင်း၊သတိထားစရာ ပညာယူစရာတွေပါ။ဒါပေမဲ့ သူတို့ဘဝမှာတော့ မမျှော်လင့်ဘဲ….——————-ဒရာမာပရိသတ်တွေ ကြွေတဲ့ Beyond the clouds ရဲ့မင်းသားချောက အဓိက ပါဝင်သရုပ်ဆောင်ထားပြီးမင်းသမီးချောလေး(အိန္ဒိယအေးသောင်း)နဲ့အတူ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။အိမ်ထောင်ပြုမယ့်သူတွေရော…အိမ်ထောင်ပြုပြီးစ ကြင်စဦးဇနီးမောင်နှံတွေပါအတုယူသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း…ယနေ့ခေတ် ရုပ်ရှင်အများစုမှာ ထည့်သွင်းနေကျဇာတ်သိမ်းနှစ်မျိုး ထည့်သွင်းပေးထားလို့အပျော်နဲ့ ဇာတ်သိမ်းနိုင်သလို.. အလွမ်းအဆွေးအငိုနဲ့လည်း ဇာတ်သိမ်းနိုင်မှာပါ။(သီချင်းစာသားတွေ ထည့်ရေးပေးချင်ပေမဲ့သီချင်းစာသားတွေ မူရင်းထဲ မပါလို့ ထည့်မရေးနိုင်ခဲ့ပါကြောင်း……)
(https://i.ibb.co/XZy1nbs/MV5-BMDkx-M2-Fm-ZTYt-N2-Jl-Ni00-YTNk-LWIx-MGYt-YWE5-Mm-Fm-OTY1-NWE0-Xk-Ey-Xk-Fqc-Gde-QXVy-ODE5-Nz-E3-OTE-V1-UY1200-CR85-0-630-1200-AL.jpg) (https://ibb.co/XZy1nbs)
https://mega.nz/#!GBghSRLD!TNwJhsGoaYa28-vafcuWqgM_wB30zNU7zsc6ZJlnExA