T Community
Movies => English Movies => T => Topic started by: shoonlae on March 19, 2020, 08:46:54 pm
-
Zawgyi
Unicode
ဒီတစ်ခါ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်တစ်ကားလေးပါRicky Ho: The story of Ricky ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂ္ဂလိကတွေကိုလွှဲပေးထားတယ်ဆိုပြီးဇာတ်လမ်းဆင်ထားပါတယ်အဲ့ထောင်ကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။
ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ပြီးတော့ ထောင်ကလဲ ပုဂ္ဂ္ဂလိကဆိုတဲ့အတိုင်း ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့….ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါသွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေထမင်းစားပြီးမကြည့်ပါနဲ့ xD
(https://i.ibb.co/9TDXSfc/u3e-Grh228b8zd1-Ha-LBEx9-WCEr-Fu.jpg) (https://ibb.co/9TDXSfc)
https://mega.nz/#!GVRWBYpS!-u_8ZhjDvihKFZ1JQ8sjt2RZ_0FhcOxUe0goHWBYafE