T Community
Movies => English Movies => T => Topic started by: shoonlae on January 17, 2020, 10:50:18 pm
-
Zawgyi
ဆာရာဆိုတဲ့ေကာင္မေလးဟာ ငယ္စဥ္ကထဲက ထူးျခားတဲ့စြမ္းရည္တစ္ခုပိုင္ဆိုင္
ထားတယ္…လူမွန္းသိတတ္စအ႐ြယ္မွာတင္ ေသသူေတြရဲ႕ ဝိညဥ္ေတြ နာနာဘဝေတြ
ကို ျမင္ရတယ္…ေနရာတကာမွာ နာနာဘာဝေတြကိုျမင္ရဖန္မ်ားလာေတာ့
သူ႔အတြက္ သိပ္မထူးဆန္းသလိုေတာင္ျဖစ္လာတယ္….တစ္ခါတစ္ရံေတာ့
အေသဆိုးနဲ႔ ေသသူေတြရဲ႕ ပုံစံမ်ိဳးစုံကိုေတြ႕ျမင္ခ်ိန္မွာေတာ့ ေသြးပ်က္မတတ္
ေၾကာက္လန႔္မိတာေပါ့…..ဒီအေၾကာင္းေတြကို မိခင္ျဖစ္သူကိုေျပာျပေတာ့လည္း
သဘာဝလြန္ဆိုေတာ့ ယုံၾကည္ေပးခဲ့ျခင္းမရွိ…ေနာက္ပိုင္းဘယ္ေလာက္ဆိုးလည္းဆိုရင္
အခန္းတြင္းမွာတင္ ဝိညဥ္ေပါင္းစုံက အျပည့္ေရာက္ေနတတ္တယ္…သူတို႔ၾကည့္ရတာ
ဆာရာဆီက အကူအညီေတြလိုအပ္လို႔ ေျပာျပခ်င္ေနပုံပဲ…တျခားကေလးေတြထက္
ခက္ခဲတဲ့ဘဝကိုျဖတ္သန္းေနရတဲ့ ဆာရာကို နားလည္ေပးတဲ့ေကာင္ေလးသူငယ္ခ်င္းတစ္ေယာက္ေတာ့ရွိတယ္….ဒီသူငယ္ခ်င္းေလးေၾကာင့္ပဲ သူမ အတြက္ နက္ျဖန္ဆိုတာကို
ျဖတ္သန္းဖို႔အားရွိေနပုံပဲ..တစ္ေန႔ေတာ့ သူ႔သူငယ္ခ်င္းေကာင္ေလးဟာ ေက်ာင္းမလာခဲ့ဘူး…အဲ့ဒီညမွာပဲ သူ႔အိပ္ခန္းထဲကို ေကာင္ေလးသူငယ္ခ်င္းေရာက္လာတယ္…
ထူးဆန္းစြာပဲ လက္ပင္းကို ဓားနဲ႔အလွီးခံလိုက္ရသလို ေသြးေတြပန္းထြက္လာၿပီး
ေပ်ာက္ကြယ္သြားတယ္…ဆာရာအတြက္ အခ်စ္ရဆုံးသူငယ္ခ်င္းရဲ႕ နိမိတ္ျပပုံဟာ
တကယ့္ကိုေသြးပ်က္ဖြယ္ရာပါပဲ…ကိုင္း ဘာေတြဆက္ျဖစ္မလဲဆိုတာကိုေတာ့ခံစားၾကည့္လိုက္ပါဦး…ဒီ Horror ကားက သရဲ တေစၦေတြကို ေနာက္ဆုံးမွျပၿပီး စိတ္ဝင္စားေအာင္လုပ္တာမ်ိဳးမဟုတ္ဘူး..Jump Scare ပုံစံမ်ိဳးေတြလည္း
ေခ်ာက္လွန႔္တာမဟုတ္ဘူး…စစခ်င္း သရဲပုံစံမ်ိဳးစုံေတြျပၿပီး သိပ္မထူးဆန္းသလို
ျပသထားတယ္..သို႔ေပမယ္ တျဖည္းျဖည္း တစ္စိမ့္စိမ့္ထိတ္လန႔္ေၾကာင့္႐ြံလာတာမ်ိဳး…
ၾကာေလ ဘာဆက္ျဖစ္မလဲ လန႔္လည္းလန႔္ ဆက္လည္းၾကည့္ခ်င္တဲ့ Horror အမ်ိဳးအစားပါ…ခံစားၾကည့္ၾကပါဦး...ဇာတ္လမ္းအၫႊန္းနဲ႔ ဘာသာျပန္သူကေတာ့ Alias ပဲျဖစ္ပါတယ္….
Unicode
ဆာရာဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကထဲက ထူးခြားတဲ့စွမ်းရည်တစ်ခုပိုင်ဆိုင်
ထားတယ်…လူမှန်းသိတတ်စအရွယ်မှာတင် သေသူတွေရဲ့ ဝိညဉ်တွေ နာနာဘဝတွေ
ကို မြင်ရတယ်…နေရာတကာမှာ နာနာဘာဝတွေကိုမြင်ရဖန်များလာတော့
သူ့အတွက် သိပ်မထူးဆန်းသလိုတောင်ဖြစ်လာတယ်….တစ်ခါတစ်ရံတော့
အသေဆိုးနဲ့ သေသူတွေရဲ့ ပုံစံမျိုးစုံကိုတွေ့မြင်ချိန်မှာတော့ သွေးပျက်မတတ်
ကြောက်လန့်မိတာပေါ့…..ဒီအကြောင်းတွေကို မိခင်ဖြစ်သူကိုပြောပြတော့လည်း
သဘာဝလွန်ဆိုတော့ ယုံကြည်ပေးခဲ့ခြင်းမရှိ…နောက်ပိုင်းဘယ်လောက်ဆိုးလည်းဆိုရင်
အခန်းတွင်းမှာတင် ဝိညဉ်ပေါင်းစုံက အပြည့်ရောက်နေတတ်တယ်…သူတို့ကြည့်ရတာ
ဆာရာဆီက အကူအညီတွေလိုအပ်လို့ ပြောပြချင်နေပုံပဲ…တခြားကလေးတွေထက်
ခက်ခဲတဲ့ဘဝကိုဖြတ်သန်းနေရတဲ့ ဆာရာကို နားလည်ပေးတဲ့ကောင်လေးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်….ဒီသူငယ်ချင်းလေးကြောင့်ပဲ သူမ အတွက် နက်ဖြန်ဆိုတာကို
ဖြတ်သန်းဖို့အားရှိနေပုံပဲ..တစ်နေ့တော့ သူ့သူငယ်ချင်းကောင်လေးဟာ ကျောင်းမလာခဲ့ဘူး…အဲ့ဒီညမှာပဲ သူ့အိပ်ခန်းထဲကို ကောင်လေးသူငယ်ချင်းရောက်လာတယ်…
ထူးဆန်းစွာပဲ လက်ပင်းကို ဓားနဲ့အလှီးခံလိုက်ရသလို သွေးတွေပန်းထွက်လာပြီး
ပျောက်ကွယ်သွားတယ်…ဆာရာအတွက် အချစ်ရဆုံးသူငယ်ချင်းရဲ့ နိမိတ်ပြပုံဟာ
တကယ့်ကိုသွေးပျက်ဖွယ်ရာပါပဲ…ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး…ဒီ Horror ကားက သရဲ တစ္ဆေတွေကို နောက်ဆုံးမှပြပြီး စိတ်ဝင်စားအောင်လုပ်တာမျိုးမဟုတ်ဘူး..Jump Scare ပုံစံမျိုးတွေလည်း
ချောက်လှန့်တာမဟုတ်ဘူး…စစချင်း သရဲပုံစံမျိုးစုံတွေပြပြီး သိပ်မထူးဆန်းသလို
ပြသထားတယ်..သို့ပေမယ် တဖြည်းဖြည်း တစ်စိမ့်စိမ့်ထိတ်လန့်ကြောင့်ရွံလာတာမျိုး…
ကြာလေ ဘာဆက်ဖြစ်မလဲ လန့်လည်းလန့် ဆက်လည်းကြည့်ချင်တဲ့ Horror အမျိုးအစားပါ…ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်….
(https://i.ibb.co/N6M6rMS/3zdck-RP04h97-Mn-GPD2a-Rqit-Xw-Rk.jpg) (https://ibb.co/N6M6rMS)
https://mega.nz/#!BFhA2ara!NIm5Dp1FnUEmHFVPWOPbsmY9Jj4BT79QYyXckF_OSm8