T Community
Movies => K => Series => K2 => Topic started by: shoonlae on January 16, 2020, 07:52:49 pm
-
Zawgyi
ဇာတ်လမ်းအညွှန်း
Unicode
မနေ့ကမှထွက်ရှိထားတဲ့ The K2 ဆိုတဲ့ ကိုရီးယား ဇာတ်လမ်းတွဲအသစ်စက်စက်လေးကို
Channel Myanmar ကနေ တင်ဆက်လိုက်ပါတယ်နော်..ထုံးစံအတိုင်းဇာတ်လမ်းလေးမညွှန်းခင်
အချက်အလက်လေးတွေနဲ့တင်သွားပါဦးမယ်.ဒီဇာတ်ကားဟာ အပိုင်း ၁၆ ပိုင်းတိတိထုတ်လွင့်
မှာဖြစ်ပြီးတော့ ထုတ်လွင့်တဲ့ Network ကတော့ TVN ရုပ်သံလိုင်းဖြစ်ပါတယ် ရိုက်ကူးသူ
ဒါရိုက်တာကတော့ Kwak Jung-Hwan ဖြစ်ပြီးဇာတ်လမ်းရေးသားသူကတော့ Jang Hyeok-Rin
ဖြစ်ပါတယ်.အဓိကသရုပ်ဆောင်တွေအနေနဲ့ 2015 တုန်းက Healer ( K- Drama ) မှာ
သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ Ji Chang-Wook နဲ့အတူ မင်းသမီးအနေနဲ့ Korea
နာမည်ကြီး Girl Band တစ်ခုဖြစ်တဲ့ Girl’s Generation (SNSD) အဖွဲ့က အဆိုတော်မလေး
Yoona ကနေ ပါ၀င်သရုပ်ဆောင်ထားပါတယ်.
ဇာတ်လမ်းအညွှန်း
အထူးတပ်ဖွဲ ့ဝင် တစ်ယောက်ဖြစ်တဲ့ ကင်မ် ဂျယ်ဟာ က အီရတ်မှာ မတရားချောက်ချ
ခံရပြီးရာထူးမှ ထုတ်ပယ်ခံရချိန်မှာ ထွက်ပြေးခဲ့တာကြောင့် Interpol က
အလိုရှိတဲ့သူတစ်ယောက်ဖြစ်လာတယ်စပိန် နိုင်ငံ ဘာစီလိုနာ မြို ့မှာ တိမ်းရှောင်နေရင်း
ကိုရီးယား ပြန်လာဖို ့ကြိုးစားနေတဲ့အချိန်မှာချုပ်နှောင်ခံရမှုကနေလွတ်မြောက်ပြီး
ဖခင် ဖြစ်သူနဲ ့တွေ ့ရှိနိုင်ဖို ့ကြိုးစားနေတဲ့မိန်းမငယ်လေး အန်နာ နဲ ့ စတင်
ဆုံဆည်းခဲ့ပါတယ်ဒီလိုနဲ ့ ကိုရီးယားကို ပြန်ရောက်ချိန်မှာတော့ သာမန်
နေ ့စားလုပ်သားတစ်ယောက်အနေနဲ ့အသက်မွေးဝမ်းကြောင်းပြုရင်း
အမှုမဲ့အမှတ်မဲ့ အမတ်လောင်းတစ်ဦးရဲ ့အရှုပ်အရှင်းကို မမြင်သင့်ပဲ မြင်ခဲ့လို ့
သမ္မတလောင်းရဲ ့ဇနီးသည် ချွဲ ယူဂျင်း က သူ ့ကို အပြတ်ရှင်းထုတ်ပစ်ဖို ့
စီစဉ်ခဲ့ပါတယ်ဒါကို ပါးနပ်လွန်းတဲ့ ကင်မ် ဂျယ်ဟာ က လက်ဦးမှုယူပြီး
သမ္မတလောင်းကတော်ကိုပြန်ပေးဆွဲက သူနဲ ့ပတ်သက်တဲ့သူတွေနဲ ့သူ ့ကို
ထပ်မံပြီး ဒုက္ခပေးတာမျိုးမရှိအောင် သတိပေးဖို ့ကြိုးစားစဉ်မှာ ထပ်ဆင့်
လုပ်ကြံမှုတစ်ခုနဲ ့ကြုံတွေ ့ခဲ့ရတယ်သူ ့ကို ထပ်မံလုပ်ကြံသူတွေက တစ်ချိန်က
အီရတ်မှာ သူ ့ချစ်သူ ရာနီယာ ကိုသတ်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုတာ သိပြီး
လက်စားချေဖို ့အတွက် ချွဲ ယူဂျင်းနဲ ့လက်တွဲပြီးJSS အဖွဲ ့ရဲ ့
အထူးသက်တော်စောင့် တစ်ယောက်အနေနဲ ့သူမုန်းတီးတဲ့ နိုင်ငံရေးလောကနဲ ့
ပြန်လည်ပတ်သက်ဖို ့အကြောင်းဖန်လာခဲ့တယ်ချွဲ ယူဂျင်း က တော့ JB ကုမ္ပဏီ
ဥက္ကဌကြီးရဲ ့ သမီးကြီးတစ်ယောက်ဖြစ်ပါတယ်JSS အဖွဲ ့မှာ K2 ဆိုတဲ့
Code Name ကိုလက်ခံရရှိခဲ့တဲ့ ကင်မ် ဂျယ်ဟာတစ်ယောက် သူ ကာကွယ်ပေးရမဲ့
သမ္မတလောင်းရဲ ့သမီးက ဘာစီလိုနာမှာဆုံတွေ ့ခဲ့ဖူးတဲ့ အန်နာ ဆိုတဲ့
မိန်းမငယ်လေးဖြစ်နေတာကို သိခဲ့ရပြီးသူ တို ့သားအဖ နှစ်ယောက်ရဲ ့ဒုက္ခတွေကိုပါ
သိမြင်ခဲ့လို ့ကူညီနိုင်ဖို ့ကြိုးစားရင်းအန်နာ ကို ကာကွယ်ပေးရတဲ့ သက်တော်စောင့်
တစ်ဦးဖြစ်လာခဲ့ပါတယ်နောက်ပိုင်းမှာတော့ ချွဲ ယူဂျင်းရဲ ့ရက်စက်လွန်းလှတဲ့ အစီအစဉ်တွေ
…. ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေနဲ ့ … စီးပွားရေးကုမ္ပဏီတစ်ခုဖြစ်တဲ့
JB ကုမ္ပဏီ ရဲ ့ပြဿနာ အရှုပ်အရှင်းတွေကြားထဲမှာK2 တစ်ယောက် အန်နာ ကို
ကာကွယ်ပေးနိုင်ပါ့မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်
ရင်ခုန်စိတ်လှုပ်ရှားဖို ့ကောင်းတဲ့ အက်ရှင် ဇာတ်လမ်းတွဲပြီးပြီး
Romance ဆန်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်CM ပရိသတ်တို ့
အကြိုက်တွေ ့မယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ထင်ပါတယ်
မူရင်း ရုပ်သံလိုင်း ဖြစ်တဲ့ tvN မှာ သောကြာ နဲ ့စနေည မှာ
တစ်ပတ်ကိုနှစ်ပိုင်း ထုတ်လွှင့်ပေးတာဖြစ်တဲ့အတွက် CM ကလည်း
တတ်နိုင်သမျှ အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးနိုင်ဖို ့ ကြိုးစားသွားပါ့မယ်
(https://i.ibb.co/L9GkF85/ml-D9n-FOa-BCl-Fnk-Gap-Uh-Ew-IR7sr0.jpg) (https://ibb.co/L9GkF85)
https://mega.nz/#!McYnmSaB!sfl4x4ertaFq50Tcv7ihGYJojZfKgtAxlr29GODwFqA