+- +-

+-User

Welcome, Guest.
Please login or register.
 
 
 

Login with your social network

Forgot your password?

+-Stats ezBlock

Members
Total Members: 32
Latest: Aye Aye Moe
New This Month: 0
New This Week: 0
New Today: 0
Stats
Total Posts: 1808
Total Topics: 1805
Most Online Today: 3
Most Online Ever: 32
(May 30, 2026, 12:32:58 pm)
Users Online
Members: 0
Guests: 3
Total: 3

Author Topic: Goodachari  (Read 11 times)

  • Administrator
  • Hero Member
  • *****
  • Posts: 1343
  • Karma: +0/-0
    • View Profile
Goodachari
« on: October 24, 2019, 05:32:40 pm »
Zawgyi
ေတာင္ပိုင္းကားေတြဟာအိႏၵိယကား ပရိတ္သတ္ေတြၾကားမွာမ်က္ႏွာအေတာ္ငယ္ရတဲ့ ကားေတြပါ။အက္႐ွင္အသားေပးေတြ မ်ားတယ္၊ဝန္ႀကီးေတြ ရဲေတြ နဲ႔တင္ တိုင္ပတ္ေနတယ္၊အက္႐ွင္ကို အလြန္ႀကီးေတြ လုပ္တယ္၊ဇာတ္လမ္းေတြ ထပ္တယ္စတဲ့ စတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ေတာႀကိဳက္ရယ္လို႔ေတာင္ တစ္ခ်ိဳ႕က ေျပာၾကမွာပါ။ဒီဇာတ္ကားေလးကေတာ့မင္းသား Adivi Sesh ရဲ႕တစ္ျခားေတာင္ပိုင္းကားေတြနဲ႔ မတူပဲ ထူးထူးျခားျခား ႐ိုက္ထားတဲ့ စပိုင္ ကားေလးပါ။သူ ့ရဲ႕ သ႐ုပ္ေဆာင္ပံုနဲ႔သူ႐ိုက္တဲ့ ဇာတ္လမ္းေတြဟာ ထူးျခားသလို သူကိုယ္တိုင္က ဒါ႐ိုက္တာ,မင္းသား,စာေရးဆရာ ျဖစ္ပါတယ္။သူ ့ကားေတြကို သိပ္မေတြ႔ရေပမယ့္ဒီနွစ္ပိုင္း ထြက္တဲ့ Tiger Sheroff ရဲ႕.Baaghi 2 ဟာဒီမင္းသားရဲ႕ Kshanam 2016 ဇာတ္ကားကိုျပန္႐ိုက္ထားတဲ့ Remake ကားျဖစ္ေနပါတယ္။
ဇာတ္လမ္းအက်ဥ္းကို မေျပာခင္ထူးျခားခ်က္ကေလးေတြကိုထုတ္ႏႈတ္ျပရမယ္ဆိုရင္ဒီကားရဲ႕ ဝတၳဳအျကမ္းကို မင္းသားျဖစ္သူ Adivi Sesh ကိုယ္တိုင္ အေမရိကားမွာ အထက္တန္းတက္ေနတဲ့ 2004 ခုႏွစ္တုန္းကတည္းကေရးထားခဲ့တာပါတဲ့။တကယ့္တကယ္ ပိတ္ကားေပၚမွာဒီဇာတ္လမ္းကို ျပသဖို႔ ႐ိုက္ကူးမယ္ဆိုေတာ့ ဇာတ္ညႊန္းစီစဥ္တည္းျဖတ္ရတာတင္ အခ်ိန္ ကိုးလ ယူခဲ့ရပါတယ္။ေနာက္ၿပီးႏိုင္ငံသံုးႏိုင္ငံရဲ႕ Location 167 ခုမွာသြား႐ိုက္ခဲ့တဲ့ ဒီကားဟာ Top Rated Telugu Movies List မွာ နံပါတ္ 40 မွာ ႐ွိတဲ့
Telugu စကားေျပာ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္တဲ့။ကဲ ဇာတ္လမ္းအေၾကာင္းကိုဆက္ေျပာရေအာင္. . . .ဇာတ္လမ္းရဲ ့အစမွာ ေနာက္ေၾကာင္းျပန္တာနဲ ့ စ,ထားပါတယ္။၁၉၉၅ ခုႏွစ္မွာ အိႏၵိယအစိုးရဟာ လွ်ိဳ ့၀ွက္အဖြဲ ့တစ္ခုျဖစ္တဲ့ ထရီနက္ထရီအဖြဲ ့ကို ဖြဲ ့စည္းခဲ့ပါတယ္။ဒီအဖြဲ ့ဟာ စံုစမ္းေထာက္လွမ္းမွဳေတြအျပင္ ထိပ္တန္းသတင္းေတြကိုပါထိန္းသိမ္းရတဲ့အဖဲြ ့ပါ…ဒါေပမယ့္ ကံဆိုးစြာနဲ ့ပဲအယ္မူဂ်ာဟီဒင္အၾကမ္းဖက္ အဖြဲ ့ဆီကိုအိႏၵိယႏိုင္ငံရဲ ့လွ်ိဳ ့၀ွက္သတင္းေတြေပါက္ၾကားသြားခဲ့ပါတယ္။ေပါက္ၾကားသြားတဲ့ သတင္းေတြကအစိုးရနဲ႔ ပက္သက္တဲ့ ထိပ္တန္းသတင္းေတြတင္ မကပဲ ထရီနက္ထရာအဖြဲ ့ကေအးဂ်င့္အားလံုးရဲ႕
အေသးစိတ္အခ်က္အလက္ေတြ၊သူတို႔မိသားစုနဲ႔ ဆိုင္တဲ့ သတင္းေတြ၊အဖြဲ႔အစည္းတည္ေနရာ စတာေတြပါ ပါပါတယ္။ဒါတင္လားဆိုေတာ့သတင္းေပါက္ၾကားမႈႀကီးေနာက္ကို လိုက္လံစံုစမ္းရင္း ေအးဂ်င့္တစ္ခ်ိဳ ့ပာအသတ္ခံလိုက္ရပါေသးတယ္။ဘယ္လိုမွ ရပ္တည္လို႔မရတဲ့ အဆံုးက်န္႐ွိေနတဲ့ အစိုးရ အရာ႐ွိေတြ၊ေအးဂ်င့္ေတြရဲ႕ လံုျခံဳေရးအတြက္အစိုးရက ထရီနက္ထရာအဖြဲ ့ကိုဖ်က္သိမ္းပစ္လိုက္ပါတယ္။အာဂြ်န္း??အာဂြ်န္းဆိုတာ ေသဆံုးသြားတဲ့ ထရီနက္ထရီေအးဂ်င့္ ရာဂူးဗီးရ္ရဲ ့သားျဖစ္ျပီး ဖခင္ရဲ ့သူငယ္ခ်င္းျဖစ္တဲ့ ဆတၱယာရဲ ့ျပဳစုပ်ိဳးေထာင္မွဳနဲ ့အတူ အရြယ္ေရာက္လာသူပါ . . .မ်က္ေမွာက္ေခတ္မွာျပန္ေပၚလာတဲ့ အယ္မူဂ်ာဟီဒင္အဖြဲ႔ရဲ႕အၾကမ္းဖက္မႈေတြေၾကာင့္ မြန္ဘိုင္းၿမိဳ႕မွာ ဗံုးေပါက္ကြဲမႈေတြ ဆက္တိုက္ ျဖစ္လာျပန္ေတာ့အစိုးရဟာ ထရီနက္ထရာ အဖြဲ႔ကိုျပန္လည္ဖြဲ႔စည္းခဲ့ရျပန္ပါတယ္။အသစ္ျပန္လည္ဖြဲ ့စည္းတဲ့ ထရီနက္ထရီအဖြဲ ့မွာ ၀င္ခြင့္ ၀င္ေျဖျပီး အဖြဲ ့၀င္ျဖစ္ဖို ့ျပင္းျပင္းထန္ထန္ ေလ့က်င့္မွဳေတြအျပီး အာဂြ်န္းလည္း အေတာ္ဆံုး ေအးဂ်င့္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ဒါေပမယ့္ ထရီနက္ထရီအဖြဲ ့ရဲ ့အစည္းအေ၀းအျပီးမွာ ထရီနက္ထရာေခါင္းေဆာင္ေတြဟာ လူတစ္စုရဲ ့ရုတ္တရတ္တိုက္ခိုက္ျခင္းကို ခံလိုက္ရပါတယ္။အဖြဲ ့ေခါင္းေဆာင္ ေသသြားတဲ့အျပင္အာရ္ဂြ်န္းရဲ ့ဆရာျဖစ္တဲ့ ဒါမိုဒါပါ ေသဆံုးသြားျပီး သက္ေသအေထာက္အထားေတြအရအခင္းျဖစ္ရာေနရာမွာ အာဂြ်န္းရဲ ့ဆိုင္ကယ္ အာဂြ်န္းရဲ ့လက္ေဗြရာေတြေတြ ့ရေတာ့အာဂြ်န္းတစ္ေယာက္ ဘုမသိဘမသိ ၀ရမ္းေျပးျဖစ္ခဲ့ရပါတယ္. . .သဘာ၀က်က်နဲ ့မွဳခင္းစံုေထာက္ကားေတြစပိုင္ကားေတြအၾကမ္းဖက္သမား ႏွိမ္နင္းေရးကားေတြကို ႀကိဳက္တယ္ဆိုရင္ျဖင့္ေဟာလိ၀ုဒ္ဆန္ဆန္နဲ ့ ဖိုက္တင္ေတြ အပစ္အခတ္ေတြပာတဲ့ ဒီကားေလးက လက္လြတ္မခံသင့္တဲ့ကားေလးပါလို႔ ေျပာရင္း. .

Unicode
တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။သူ ့ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။သူ ့ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။
ဇာတ်လမ်းအကျဉ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတ္ထုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။တကယ့်တကယ် ပိတ်ကားပေါ်မှာဒီဇာတ်လမ်းကို ပြသဖို့ ရိုက်ကူးမယ်ဆိုတော့ ဇာတ်ညွှန်းစီစဉ်တည်းဖြတ်ရတာတင် အချိန် ကိုးလ ယူခဲ့ရပါတယ်။နောက်ပြီးနိုင်ငံသုံးနိုင်ငံရဲ့ Location 167 ခုမှာသွားရိုက်ခဲ့တဲ့ ဒီကားဟာ Top Rated Telugu Movies List မှာ နံပါတ် 40 မှာ ရှိတဲ့
Telugu စကားပြော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်တဲ့။ကဲ ဇာတ်လမ်းအကြောင်းကိုဆက်ပြောရအောင်. . . .ဇာတ်လမ်းရဲ ့အစမှာ နောက်ကြောင်းပြန်တာနဲ ့ စ,ထားပါတယ်။၁၉၉၅ ခုနှစ်မှာ အိန္ဒိယအစိုးရဟာ လျှို ့ဝှက်အဖွဲ ့တစ်ခုဖြစ်တဲ့ ထရီနက်ထရီအဖွဲ ့ကို ဖွဲ ့စည်းခဲ့ပါတယ်။ဒီအဖွဲ ့ဟာ စုံစမ်းထောက်လှမ်းမှုတွေအပြင် ထိပ်တန်းသတင်းတွေကိုပါထိန်းသိမ်းရတဲ့အဖွဲ ့ပါ…ဒါပေမယ့် ကံဆိုးစွာနဲ ့ပဲအယ်မူဂျာဟီဒင်အကြမ်းဖက် အဖွဲ ့ဆီကိုအိန္ဒိယနိုင်ငံရဲ ့လျှို ့ဝှက်သတင်းတွေပေါက်ကြားသွားခဲ့ပါတယ်။ပေါက်ကြားသွားတဲ့ သတင်းတွေကအစိုးရနဲ့ ပက်သက်တဲ့ ထိပ်တန်းသတင်းတွေတင် မကပဲ ထရီနက်ထရာအဖွဲ ့ကအေးဂျင့်အားလုံးရဲ့
အသေးစိတ်အချက်အလက်တွေ၊သူတို့မိသားစုနဲ့ ဆိုင်တဲ့ သတင်းတွေ၊အဖွဲ့အစည်းတည်နေရာ စတာတွေပါ ပါပါတယ်။ဒါတင်လားဆိုတော့သတင်းပေါက်ကြားမှုကြီးနောက်ကို လိုက်လံစုံစမ်းရင်း အေးဂျင့်တစ်ချို ့ပာအသတ်ခံလိုက်ရပါသေးတယ်။ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အဆုံးကျန်ရှိနေတဲ့ အစိုးရ အရာရှိတွေ၊အေးဂျင့်တွေရဲ့ လုံခြုံရေးအတွက်အစိုးရက ထရီနက်ထရာအဖွဲ ့ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။အာဂျွန်း??အာဂျွန်းဆိုတာ သေဆုံးသွားတဲ့ ထရီနက်ထရီအေးဂျင့် ရာဂူးဗီးရ်ရဲ ့သားဖြစ်ပြီး ဖခင်ရဲ ့သူငယ်ချင်းဖြစ်တဲ့ ဆတ္တယာရဲ ့ပြုစုပျိုးထောင်မှုနဲ ့အတူ အရွယ်ရောက်လာသူပါ . . .မျက်မှောက်ခေတ်မှာပြန်ပေါ်လာတဲ့ အယ်မူဂျာဟီဒင်အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့် မွန်ဘိုင်းမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်လာပြန်တော့အစိုးရဟာ ထရီနက်ထရာ အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ရပြန်ပါတယ်။အသစ်ပြန်လည်ဖွဲ ့စည်းတဲ့ ထရီနက်ထရီအဖွဲ ့မှာ ၀င်ခွင့် ၀င်ဖြေပြီး အဖွဲ ့ဝင်ဖြစ်ဖို ့ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေအပြီး အာဂျွန်းလည်း အတော်ဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ထရီနက်ထရီအဖွဲ ့ရဲ ့အစည်းအဝေးအပြီးမှာ ထရီနက်ထရာခေါင်းဆောင်တွေဟာ လူတစ်စုရဲ ့ရုတ်တရတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။အဖွဲ ့ခေါင်းဆောင် သေသွားတဲ့အပြင်အာရ်ဂျွန်းရဲ ့ဆရာဖြစ်တဲ့ ဒါမိုဒါပါ သေဆုံးသွားပြီး သက်သေအထောက်အထားတွေအရအခင်းဖြစ်ရာနေရာမှာ အာဂျွန်းရဲ ့ဆိုင်ကယ် အာဂျွန်းရဲ ့လက်ဗွေရာတွေတွေ ့ရတော့အာဂျွန်းတစ်ယောက် ဘုမသိဘမသိ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်. . .သဘာဝကျကျနဲ ့မှုခင်းစုံထောက်ကားတွေစပိုင်ကားတွေအကြမ်းဖက်သမား နှိမ်နင်းရေးကားတွေကို ကြိုက်တယ်ဆိုရင်ဖြင့်ဟောလိ၀ုဒ်ဆန်ဆန်နဲ ့ ဖိုက်တင်တွေ အပစ်အခတ်တွေပာတဲ့ ဒီကားလေးက လက်လွတ်မခံသင့်တဲ့ကားလေးပါလို့ ပြောရင်း. .


image hosting free

https://drive.google.com/open?id=1W-8Ifmhrx5izhSCULdI0oUqBIUrfxG46


 

+-Recent Topics

How to talk to girls at parties by shoonlae
April 09, 2020, 07:49:21 pm

Hold The Dark by shoonlae
April 09, 2020, 07:06:48 pm

He's Out There by shoonlae
April 09, 2020, 07:05:34 pm

Episode 8 by shoonlae
April 08, 2020, 06:50:52 pm

Game over man by shoonlae
April 08, 2020, 05:48:14 pm

Glaveston by shoonlae
April 08, 2020, 05:24:05 pm

From Dusk Till Down by shoonlae
April 08, 2020, 05:18:27 pm

Friday by shoonlae
April 08, 2020, 05:04:33 pm

Flushed Away by shoonlae
April 08, 2020, 04:58:00 pm

Flower by shoonlae
April 08, 2020, 04:56:04 pm